Friday, March 30, 2012

အမှောင်ခွင်းမည့်သူ။

The Lady will remove the Dark by Niknayman

ရေး/ဆို = သားအေဒင်

ချွေးစက်နဲ့ ... သွေးစက်နဲ့ ... ရင်ဘတ်ကို ခွဲကြည့်ပါ... အားလုံးအတွက်
ပေးဆပ်ရဲတယ်...
ဘ၀တစ်ခုလုံး... ပေးခဲ့သူ...

မျိုးရိုးနဲ့ ... နှလုံးသားနဲ့... ဟူး... လက်နက်မလိုဘူး... ရင်ခွင်ပေါ် ခိုနားပါ...
အသွေးအသားအပြည့်နဲ့... လက်ကမ်းကာ... ချီတက်ကာ... လျှောက်လှမ်းခဲ့တာ... ကြာပြီ ...

ဖယောင်းတိုင်ငယ်လေးလည်း... မီးမငြိမ်းစေဖို့...

အားလုံးလိုအပ်တယ်... အားလုံးရဲ့အားအင်... ခိုင်မာစွာလက်တွဲ ... အမှန်တရားအတွက်...
တို့ရှေ့က ခေါ်ဆောင်သူ... အမှောင်ခွင်းမယ့်သူ...

သတ္တိနဲ့... အိုး... လူတိုင်းအတွက်... ခိုင်မာသော... ဖြူစင်သော...
မေတ္တာတရားနဲ့... ဒီလူသား...

ကိုယ်ကျိုးထက်... အိုး... သူ့အကျိုးအတွက်... စွန့်လွှတ်ဝံ့သူ...
အရာရာတိုင်းမှာ.. သေတစ်ဖန်ဆုံးတိုင်...
အမြဲတမ်း... လမ်းပြနေသူ... ပါ...

တို့တွေ လက်တွဲကြမယ်... ခိုင်မာသော လက်များနဲ့ပေါ့... ငြိမ်းချမ်းစာ...
လျှောက်လှမ်းကြမယ်...
အောင်မြင်မှာ သေချာတယ်... ငြိမ်းချမ်းခြင်းဆီသို့...

အားလုံးလိုအပ်တယ်... အားလုံးရဲ့အားအင်... ခိုင်မာစွာလက်တွဲ ... အမှန်တရားအတွက်...
တို့ရှေ့က ခေါ်ဆောင်သူ... အမှောင်ခွင်းမယ့်သူ...

("မင်္ဂလာပါ NLD" အောင်နိုင်ရေးသီချင်း ၁၀ ပုဒ် ပါဝင်သော MTV DVD အား မန္တလေးမြို့မှ ညို၊ ရာပြည့် စာအုပ်ဆိုင်များတွင် လိုသလောက် ၀ယ်ယူအားပေးနိုင်ပါသည်)

(စီစဉ်သူ အောင်အောင်(ယဉ်မွန်) = ဖုန်း 09 2032934 ထံတွင်လည်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။)

No comments: