Monday, March 19, 2012

မဟုတ်မမှန် ပြောကြားတဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောကြားချက်အား ပြည်သူများမှ ပြန်လည်တိုင်ကြားကြပြီ။

ယခုနှစ် ၂၀၁၂ ခုနှစ် မတ်လ (၈) ရက်နေ့ထုတ် Newsweek အပတ်စဉ်ဂျာနယ်တွင် ပါရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်းအပါအ၀င် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါတီမှ အကုန်အကျခံပြီး လုပ်ပေးခြင်းဖြစ်သည်၊ ပါတီက လုပ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ သိန်းရာထောင်ချီပြီး ကုန်ကျသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူပြည်သားများက ၄င်းတို့ မြို့နယ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီမှ ရရှိခဲ့သည့် ဘိလပ်မြေအိတ်များအနက်မှ ဘိလပ်မြေအိတ် (၁၀၀) ၀န်းကျင်ကို ပြင်ပသို့ ရောင်းချခဲ့ခြင်း၊ ပါတီမှ သိန်းရာထောင်ချီ ကုန်ကျခဲ့သည်ဆိုသော်လည်း ရပ်ကွက်နေ ပြည်သူများထံမှ ငွေများကောက်ခံခဲ့ပြီး၊ စာရင်းရှင်းလင်းခြင်း မရှိခြင်းအပေါ်တို့တွင် အမှန်အတိုင်းဖြစ်ပေါ်စေရန်နှင့် လိုအပ်သလိုအရေးယူပေးပါရန် တိုင်ကြားထားကြကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်းများဖြင့် ငွေထုတ်ချေးခြင်း၊ စည်ပင်သာယာဈေးများတွင် ငွေထုတ်ချေးခြင်းများ ဆောင်ရွက်နေသည်ဆိုသော်လည်း အမှန်တကယ် ပြည်သူများလက်ဝယ်သို့ အပြည့်အ၀ မရောက်ရှိဘဲ ကြံ့ ဖွတ်ပါတီမှ တာဝန်ရှိသူများက အလွဲသုံးစားပြုလုပ်နေကြငြောင်း၊ အမှုပေါ်ပေါက်ပါကလည်း ရှောင်တိမ်းနေကြကြောင်းလည်း သိရှိရပါသည်။

စေတမန်။



No comments: