Thursday, March 15, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ပညာရေးရန်ပုံငွေ ကျပ်သိန်း (၄၀) အား ကချင်ပြည်နယ် မနောမြေသို့ လှူဒါန်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ လှူဒါန်းမူ ပဉ္စမခရီးစဉ်အဖြစ် မတ်လ (၉) ၇က်နေ့ မှ (၁၄) ရက်နေ့ ထိ ကချင်ပြည်နယ် အတွင်းရှိ အောက်ဖေါ်ပြပါ မြို့ နယ် (၄) မြို့ နယ်သို့ တစ်မြို့နယ်လျှင် ငွေကျပ် ဆယ်သိန်းစီ (၁၀၀၀၀၀၀ိ/ ) စုစုပေါင်း ကျပ်သိန်းလေးဆယ် (၄,၀၀၀,၀၀၀/ိ)၊ ဗလာစာအုပ် ဒါဇင်(၅၀၀) နှင့် ဘောလ်ပင်၊ ပေတန်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။



(၁)။ အ.မ.က ( ခွဲ ) နမ်းနွမ်ကျေးရွာ၊ မိုးကောင်းမြို့ နယ် မူလတန်းကျောင်းသား (၅၆)ယောက်၊ ဆရာမ (၅) ယောက်။

(၂)။ မူလတန်းကျောင်း ( ၄ ) ကျောင်း၊ တနိုင်းမြို့  မူလတန်းကျောင်းသား စုစုပေါင်း (၁၅၃) ယောက်။

(၃)။ အ.မ.က၊ လ၀ါကျေးရွာ၊ ဖါးကန့် မြို့  လ၀ါ (အ.မ.က) မှ အလှူငွေ (၁၀) သိန်းကို နမ်းနွမ်း (အ.မ.က) တည်ဆောက်ရန် ထပ်ဆင့် လွှဲပြောင်းလှူဒါန်းခဲ့ပါသည်။

(၄)။ ချမ်းမြေ့မဉ္စရီ သီလရှင်ပညာရေးကျောင်း (ဘ/က) ရွှေပြည်သာကျေးရွာ၊ ဗန်းမော်မြို့  မူလတန်းကျောင်းသား (၁၈၄) ယောက်၊ ဆရာမ (၁၄) ယောက်။

ပညာရေးကွန်ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်။

No comments: