Wednesday, March 28, 2012

ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများမှ ကျောင်းအုပ်ကြီး၏ရုံးခန်းတွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်။






















ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများမှ ကျောင်းအုပ်ကြီး၏ရုံးခန်းတွင် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်။

လွန်ခဲ့သော မတ်လ (၁၉) ရက်နေ့ တွင် ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများမှ ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဌာနမှ တရားဝင် ပြဌာန်းခဲ့သော အကြိုစာမေးပွဲ နှစ်ကြိမ် ဖြေဆိုပြီးချိန်တွင် သတ်မှတ်နှုန်း ၇၅% ပြည့်သော ကျောင်းသားကျောင်းသူများသည် သင်္ကြန်တွင်း ကျောင်းပိတ်အတွက် အစောကြီး ပြန်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဧပြီ (၁) ရက်နေ့ မှ (၆) ရက်နေ့ထိ ကျောင်းဆက်လက်တက်နေပါက သင်္ကြန်ကာလအတွင်း ကျောင်းမှ မိမိတို့  နေရပ်ဌာနေများသို့  ပြန်ရန်အတွက် ကားအခက်အခဲ ဖြစ်နိုင်သည့်အတွက် ကျောင်းသားကျောင်းသူများသည် ဆေးခွင့်တင်ပြီး ပြန်ကြရန် ပြင်ဆင်ခဲ့ကြပါတယ်။

ထိုသို့  ကျောင်းသားကျောင်းသူများ၏ အခက်အခဲအား နားလည်မှု မပေးနိုင်သူ ပခုက္ကူ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီးသည် တစ်ကျောင်းလုံး လူမရှိမှာ စိုးရိမ်ပြီး ကျောင်းတွင်း စာမေးပွဲအား ပြုလုပ်ခဲ့ပါတယ်။ ထိုသို့  ကျောင်းတွင်း စာမေးပွဲအား တစ်ရက်လျှင် တစ်ဘာသာ ဖြေဆိုရန် ဖန်တီး၍ ဧပြီလ (၆) ရက်နေ့ အထိ အချိန်ဆွဲကာ ကျောင်းသားကျောင်းသူများအား တမင်သက်သက် ညစ်ပတ်ကာ အဆိုပါ တစ်ရက် တစ်ဘာသာ စာမေးပွဲအား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိုကဲ့သို့  တစ်နေ့ တစ်ဘာသာဖြေဆိုရန် စီစဉ်သည့် စာမေးပွဲဟာ ဧပြီ (၆) ရက်နေ့ထိ ဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူအများဟာ မဖြေချင်ခဲ့ကြပါဘူး။ အဆိုပါ စာမေးပွဲ ပြီးဆုံးသည့်နေ့ ရက်အထိ ဖြေဆိုရပါက မိမိတို့ နေရပ်ဌာနေများသို့  ပြန်ရန် အခက်အခဲများနှင့်  ကြုံတွေ့ ရကာ ကျောင်းတွင် ဆက်လက်နေထိုင်ရမည်ဆိုပါက အဆောင်ခနဲ့ စားစရိတ်ဖိုး မလိုအပ်ဘဲ ထပ်မံကုန်ကျရမည့်အရေးအတွက် စိတ်သောကရောက်ရှိနေကြရပါတယ်။

ထို့ အပြင် ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် ကျောင်းသားကျောင်းသူများ အားလုံး စုရုံး၍ ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ရသည့် အခြားသောအကြောင်းရင်းများထဲတွင် ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများအတွက် ကဲန်တင်း (Cateen) မရှိသဖြင့် နေ့ခင်း ထမင်းစား ဆင်းချိန်တွင် ကျောင်းသားကျောင်းသူများအတွက် အခက်အခဲဖြစ်ရခြင်း၊ ကျောင်းစာသင်ခန်းများ၏ အမိုးများပေါ်တွင် ညစ်ပတ်ကာ ခိုများဖြင့် နံဆော်နေခြင်း၊ ကျောင်းစာသင်ခန်း ခုံအောက်များတွင် ကြွက်များ ရှိနေခြင်း၊ အိမ်သာခန်းများတွင် ခိုချီးများဖြင့် သန့် ရှင်းသပ်ရပ်မှု မရှိခြင်း အစရှိသည့် တက္ကသိုလ်ကျောင်း၏ ပါတ်ဝန်းကျင် သန့် ရှင်းမှု မရှိခြင်းတို့ အား တင်ပြပြောဆိုခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ လစ်လျူရှူနေခြင်းတို့ ကြောင့် ယခုလို ကျောင်းသားကျောင်းသူများအားလုံးမှ ကျောင်းအုပ်ကြီး ရုံးခန်းသို့  သွားရောက်၍ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှုအား ဂုဏ်ထူးတန်းမှ ကျောင်းသားကျောင်းသူများနှင့် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများမှ ဦးဆောင်းကာ တစ်ကျောင်းလုံးရှိ ကျောင်းသားကျောင်းသူများမှ ကျောင်းအုပ်ကြီးရုံးခန်းမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ကျောင်းသားကျောင်းသူများကနေ - ကျောင်းတွင်းစာမေးပွဲကို ပယ်ဖျက်ပေးရန်၊ ကဲန်တင်း (Cateen) ဆောက်လုပ်ပေးရန်၊ ကျောင်းကား စီစဉ်ပေးရန်တို့ ကို တောင်းဆိုတင်ပြခဲ့ကြပါတယ် ။

အချိန် (၃) နာရီကြာခန့် ကြာအောင် ကျောင်းအုပ်ကြီးမှ ကျောင်းသားကျောင်းသူများ၏ တင်ပြဆွေးနွေးမှုများ၊ တောင်းဆိုမှုများကို လိုက်လျောခြင်း မပြုလုပ်ခဲ့ပါဖူး။ ထို့ ကြောင့် ဆန္ဒပြ ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူများဟာ တစ်တန်းလုံး ကျောင်းမတက်ဘဲ ဆက်လက် အသံတိတ် ဆန္ဒပြကြပါတယ်။

No comments: