လာပြန်ပြီတစ်ခါ၊ ဒီလို သားသမီးချင်း ကိုယ်ချင်းမစာသူတွေကို လူ့ အသိုင်းအ၀ိုင်းကနေ ၀ိုင်းပစ်ပယ်ထားကြပါ၊ တရားဥပဒေအရလည်း ထောင်ဒါဏ်ချသင့်ပါတယ်။
ဒု-မြို့ နယ်တရားသူကြီးရဲ့  မိန်းမဖြစ်နေပြီး ဒီလုပ်ရပ်ဟာ တရားဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုတာ နားမလည်ဖူးတင်တယ်။
(၂၅၊ ၃၊ ၂၀၁၂) ရက်နေ့ ည (၁၂) နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ် (၇) ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွင် ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက် (၁၅) နှစ်အား မီးပူတိုတ် တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်း သိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ မပြောပြရန် အမျိုးမျိုး ခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကို မပြောပြရဲခဲ့ပါ။
နောက် (၅) ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်းကျင်မှ လူများက တွေ့ရှိပြီး မေးမြန်းသောအခါမှ ၀မ်းနည်း ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ် တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်၊
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော်လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင် ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ။
မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ (ကွယ်လွန်) သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင် နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူသက်ဝင်းတို့ ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦး ဖြစ်ပါသည်။
(သတင်း - CJ Myanmar)။
No comments:
Post a Comment