နေ၀င်း စောမောင် သန်းရွှေလိုမျိုး အဖြစ်မခံဖို့  သိန်းစိန်မှာ ယခုအချိန် အခြေအနေကို မှန်မှန်ကန်ကန် အသုံးချဖို့ ပါဘဲ။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ နှစ်ပေါင်း (၂၆) နှစ်တိုင်အောင် အုပ်ချူပ်ခဲ့တဲ့ နေ၀င်း သေသွားသည့်တိုင် ခေါင်းမာစွာနဲ့  တစ်ဇွတ်ထိုးလုပ်ပြီး တိုင်းပြည်ကို မတရား အုပ်ချူပ်ခဲ့လို့  သေပြီးသည့်တိုင် နာမည်ဆိုးနဲ့  မြန်မာသမိုင်းတည်သရွေ့  မကောင်းသူအဖြစ် ဆွေစဉ်မျိုးဆက် အပြောခံနေရတယ်။
၁၉၈၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ဆုံး ကျန်းမာရေးကြောင့်လို့  အကြောင်းပြခံရကာ ရာထူးကနေ ဖြုတ်ထုတ်ခံခဲ့ရတဲ့ စောမောင်လည်း အာဏာရှင်အချင်းချင်း နောက်ကျောဒါးထိုးခံရသလို နာမည်လည်းသေ ဘ၀လည်း ဆုံးခဲ့ရတယ်။
၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ (၁၉) နှစ်ကာလတိုင်အောင် အဆိုးတကာ အဆိုးဆုံးအဖြစ် မြန်မာပြည်ကို အနိုင်ကျင့်သတ်ဖြတ်အုပ်ချုပ်ခဲ့တဲ့ သန်းရွှေ၊ အခုထိ သေခါနီးသည့်တိုင် တိုင်းပြည်နဲ့  လူမျိုးအပေါ် နောက်ကွယ်ကနေ ကြိုးကိုင်နေဆဲ လုပ်နေတာ ဘ၀မှာ နာမည်ဆိုးနဲ့  မြန်မာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းမှာ ဆိုးသွမ်းသူအဖြစ်နဲ့  ကမ္ဗည်းတင်ခံရမှာဘဲ။
ယခု လက်ရှိ သိန်းစိန် - သန်းရွှေ ဘုံမြှောက်လို့  အပေါ်ဆုံးရောက် သမတဖြစ်နေချိန်၊ ရှေ့ က လမ်းပြသူတွေဖြစ်တဲ့ နေ၀င်းရဲ့  ဘ၀သေဆုံးလို့  နာရေးတောင် လူမစည်၊ စောမောင်ရဲ့  အချင်းချင်း နောက်ကျော ဒါးထိုးခံရပြီး ကျန်းမာရေးမကောင်းဖူး အကြောင်းပြ ရူးသွပ်နေသူပမာ ဖယ်ရှားခံရ၊ သန်းရွှေရဲ့  သေခါနီးတောင် အကုသိုလ်အမြောက်အမြားနဲ့  နောင်တမရှိ ဘ၀ဆိုးဦးမဲ့အဖြစ် - ဒါတွေကို သင်ခန်းစာ မယူဘဲ ထင်ရာဇွတ်တရွတ်တိုးဦးမယ်ဆိုရင်တော့၊ တရားမဲ့တဲ့ဘ၀ နောင်ဘ၀ကူးချိန်မှာမှမက ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် နာမည်ဆိုးသူဘ၀ မရောက်စေဖို့  မှားယွင်းလို့  လုပ်မိခဲ့တာတွေ အဖတ်ဆယ်နိုင်ဖို့  အချိန်ပေးတုန်း အခြေအနေပေးတုန်းမှာ ခေါင်းမမာ တဇွတ်ထိုးမလုပ်ဘဲ အမှန်တကယ် ပြောင်းလဲပြီး၊ တိုင်းပြည်အကျိုး အချိန်မဖင့် မလေးကွေးဘဲ မြန်မြန်ကလေး လုပ်ဖို့  လုပ်မယ်ဆိုရင်တော့ ရှေ့ က ဖြစ်သွားကြသူတွေရဲ့  အဖြစ်ဆိုးမျိုး ရှောင်ဖယ်နိုင်မယ်လို့  ပြောဆိုလိုပါတယ်။
နေ၀င်းလိုလည်း အသုဘ လူမစည်ခဲ့တာမျိုး မဖြစ်စေဖို့ ၊ စောမောင်လိုလည်း ကျန်းမာရေးမကောင်း ရူးသွပ်သလို အလုပ်မခံရဖို့ ၊ သန်းရွှေလိုလည်း သေခါနီးတောင် ခေါင်းမာနေုတုန်း မဖြစ်ဖို့  သိန်းစိန်မှာ အခုအချိန်တွေ မှန်မှန်ကန်ကန် အသုံးချဖို့  သင့်ပါပြီ။
No comments:
Post a Comment