ရွှေလောင်းမြို့ တွင် ကျောင်းသားများသမဂ္ဂ ဖွဲ့ စည်း။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသများအဖွဲ့ ချုပ်) ၏ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့ နယ်၊ ရွှေလောင်းမြို့ ကျောင်းသားများသမဂ္ဂကို ၂၅.၄.၂၀၁၂ ရက်နေ့ တွင် ၀ါးခယ်မမြို့  နယ်၊ ရွှေလောင်းမြို့ ၌ ဖွဲ့ စည်းခဲ့ပါသည်။
အဆိုပါ ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းသည့် အခမ်းအနားသို့ ရွှေလောင်းမြို့ ခံ ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ဗဟိုစည်းရုံးရေးကော်မတီမှ တိုင်းရင်းသားရေးရာကော်မတီတာဝန်ခံ ကိုနန္ဒာစစ်အောင်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်၊ ဗဟိုပြန်ကြားရေးကော်မတီဝင် ကိုမောင်မောင်ခင်တို့ နှင့်အတူ ရွှေလောင်းမြို့ နယ်နှင့် ၀ါးခယ်မမြို့ နယ်တို့ မှ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေးကော်မတီဝင်ရပ်မိရပ်ဖများပါ တက်ရောက်ပါဝင်ခဲ့ကြပါသည်။
အခမ်းအနားကို အခမ်းအနားအစီအစဉ် (၁၂) ရပ်ဖြင့် ကျင်းပခဲ့ပြီး၊ ၀ါးခယ်မမြို့ နယ်၊ ရွှေလောင်းမြို့  မှ ကျောင်းသားကျောင်းသူ (၃၇) ယောက် တက်ရောက်ပြီး၊ ကျောင်းသားသမဂ္ဂဖွဲ့ စည်းအပြီးတွင် ကျောင်းသားသမဂ္ဂသီချင်းနှင့် ခေတ်အဆက်ဆက်ကျောင်းသားထု၏ တိုက်ပွဲဝင်သီချင်းဖြစ်သော သွေးသစ္စာသီချင်းများ သီဆိုပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သမဂ္ဂ၀င်ကျောင်းသားများက ကျောင်းသားသမဂ္ဂအောင်လံတော်ကို လွှင့်တင်ပြီး ဆိုင်ကယ်များဖြင့် ရွှေလောင်းမြို့ တွင်း လှည့်လည်ချီတက်ခဲ့ကြပါသည်။
No comments:
Post a Comment