NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်း၏ ပြည်သူလူထုအကျိုးပြု လုပ်ဆောင်မှုများ။
NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်း၏ ပြည်သူလူထုအကျိုးပြု လုပ်ဆောင်မှုများ။
သင်္ကြန်ရက်များအတွင်း ဖြော်ဖြေခဲ့သည့် NLD-BG အလှပြယာဉ်အား ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံမှ ပြည်သူလူထု၏ ချီးမြှောက်လူဒါန်းခဲ့မှုမှ ရရှိမှုဖြင့် BG ၏ တိုးချဲ့ဆောင်အား ထပ်မံဆောက်လုပ်ဆောင်ရွက်နေပါသည်။
လက်ရှိတိုးချဲ့ဆောက်လုပ်ဆောင်ရွက်နေသောအဆောင်အား အမှိုက်ကောက်ကလေးငယ်များအတွက် စာရိတ္တမြှင့်တင်ရေးနှင့်ယဉ်ကျေးလိမ္မာစေရေးအတွက် အနီးကပ်ပြုစုဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် လှူဒါန်းပံ့ပိုးကူညီပေးကြသော မိဘပြည်သူများကို မြို့နယ်ပေါင်းစုံမှ NLD-BG လူငယ်များက အထူးပင်ကျေးဇူးးတင်ရှိပါသည်။
အမေ့မေတ္တာဖြင့်လွှမ်းခြုံထားသော NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိ ပညာ၊ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်းသို့ လာရောက်ပူပေါင်းဆောင်ရွက်လိုသူများနှင့် ပံ့ပိုးကူညီလှူဒါန်းလိုသူများကို NLD-BG မှ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ--
အမှတ်-၈၃၉၊ (ခ)။ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ဒဂုံ-တောင်၊ (ကျန်းမာရေးမှတ်တိုင်)၊
ဖုန်း-၀၉-၇၃၁၂၅၈၈၅
ဖုန်း-၀၉-၇၃၁၇၀၁၆၅
ဖုန်း-၀၉-၄၂၁၀၈၀၃၆၁
အသေးစိတ်အချက်အလက်များကို ထပ်မံဖော်ပြပေးပါမည်။
(NLD-BG အသက်ကယ်သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်း)။
ဓါတ်ပုံအညွှန်း။
ဓါတ်ပုံ (၁ မှ ၄ ထိ) - အမေ့မေတ္တာဖြင့်လွှမ်းခြုံထားသော NLD-BG- သွေးအကူအညီပေးရေးနှင့်ပညာဒါနကျောင်းမှ အမှိုက်ကောက် ကလေးငယ်များအား ကျန်းမာရေး၊စာရိတ္တမြှင့်တင်ရေးနှင့် NLD-BG ကျောင်း၏ တိုးချဲ့ဆောင် ဆောင်ရွက်နေပုံ။
ဓါတ်ပုံ (၉ မှ ၁၁ ထိ) - အမှိုက်ကောက်ကလေးငယ်များအား အပတ်စဉ်ကျန်းမာရေးနှင့် တကိုယ်ရေသန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်နေပုံ။
ဓါတ်ပုံ ၈ - အမှိုက်ကောက်ကလေးငယ်များကို အပတ်စဉ်ပင်တိုင်သင်ကြားပေးနေသော ဆရာကြည်သာဖြိုး (NLD-BG ) မှ အမှိုက်ကောက်ကလေးငယ်များအား ရင်းရင်းနှီးနှီး စကားပြောဆိုနေကြပုံ။
ဓါတ်ပုံ (၁၂) - မေလဆန်းပိုင်းတွင်ဖွင့်လှစ်မည့်သင်တန်းများတွင် သင်တန်းသူ/သားများနှင့် သာသနာ့နွယ်ဝင် ဆရာလေးများမှ စာရင်းပေးသွင်းနေကြပုံ။
ဓါတ်ပုံ (၆ နှင့် ၇) - နွေရာသီကျောင်းပိတ်ရက်တွင် ဆရာဒေါက်တာကျော်စွာ (NLD-BG) မှ အင်္ဂလိပ်စာသင်ကြားပေးနေပုံ။
No comments:
Post a Comment