Friday, May 4, 2012

ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်း၊ ဆန်းဖားခရီးသွားကုမ္ပဏီပိုင်ရှင် ဦးသန်းဦးနှင့် မြန်မာ့လေကြောင်း အခြေအနေ။

ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်း၊ ဆန်းဖားခရီးသွားကုမ္ပဏီပိုင်ရှင် ဦးသန်းဦးနှင့် နိုင်ငံတော်ပိုင် မြန်မာ့လေကြောင်း အခြေအနေ။

ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်ပနိုင်ငံများ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဈေးကွက် အလားအလာကောင်းမွန်လာနိုင်မည်ဟု သုံးသပ်ခဲ့ ကြပါတယ်။

ဒီအချိန်မှာပဲ မြန်မာ့လေကြောင်းကို စီးပွားရေးဆန်ဆန်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်နှင့် နှစ်ပေါင်းများစွာ ပြည်သူအတွက် အရှုံးခံပြေးဆွဲခဲ့တဲ့ မြန်မာ့လေကြောင်းရဲ့ တွက်ချေကိုက်တဲ့ ခရီးစဉ်တော်တော်များများကို ဆန်းဖား ဆန်းဖားခရီးသွားကုမ္ပဏီကို စင်းလုံးငှားအဖြစ် ပေးလိုက်ပြီး၊ မကိုက်တဲ့ခရီးစဉ်တွေကို မြန်မာ့လေကြောင်းကပဲ ပြည်သူ့အခွန်ကနေ အရှုံးခံပြီး ဆက်ဆွဲနေရပါတယ်။


























နိုင်ငံတော်ပိုင် မြန်မာ့လေကြောင်းနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းဖြစ်တဲ့ ဆန်းဖား (Sun Far) တို့ ပူးပေါင်းပြီး ယခုနှစ် ဇန်န၀ါရီလ (၁၉) ရက်နေ့ ကနေ စတင်ကာ အထူးစင်းလုံးငှားခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲနေကြောင်း ဆန်းဖားခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ယခုဆိုရင် ဆန်းဖားခရီးသွားကုမ္ပဏီက ရန်ကုန်မြို့ကနေ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များကို အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ စနေနေ့များနဲ့ ၊ မန္တလေးမြို့ကနေ ဟဲဟိုး၊ လားရှိုး၊ ကျိုင်းတုံနဲ့  တာချီလိတ်မြို့များကို နေ့စဉ် ပျံသန်းပြေးဆွဲနေပါတယ်။

ဆန်းဖားခရီးသွားကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ ဦးသန်းဦးဟာ မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းမှတဆင့် ၀န်ကြီးဦးဥာဏ်ထွန်းအောင်နှင့် ရင်းနှီးခဲ့ပြီး ယခုအခွင့်အရေးကို အရယူနိုင်ခဲ့ပါတယ်။ ဦးသန်းဦးဟာ တရုတ်လူမျိုးဖြစ်ပြီး လေကြောင်းလိုင်းလုပ်ငန်းမှာ အမြတ်သေချာတဲ့ လက်မှတ်အရောင်းကိုယ်စာလှယ်လုပ်ငန်းကိုသာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။




































မြန်မာ့လေကြောင်းမှ ၀န်ထမ်းတစ်ဦးက ပြောတာကတော့ ဒို့ဝန်ကြီးက ဒီငါးနှစ်ပြီးရင် တောပြန်မယ်လို့ ပြောထား တော့ အပြီးတစ်ခါထဲ ရိုက်နေတာကွ၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း ၀န်ကြီးရဲ့ သမီးက Forwarder လုပ်နေလို့ ငါတို့ဝန်ထမ်းတွေလဲ ဂွင်ပျက်ပြီး ထမင်းငတ်နေကြရတယ်၊ ငါတို့တင်လားဆိုတော့ .. ပိုင်ပါတယ်ဆိုတဲ့ ဦးတေဇလိုလူတောင် ၀န်ကြီးနဲ့  ဦးတင်မောင်ထွန်းကို ရှယ်ယာမပေးလို့ သူ့ MCS (Mingalardon Cargo Service) ကြီး ဒေါ်လာလေးငါးသန်းအကုန်ခံပြီး ဒီအတိုင်းပဲ ထားနေရတာဟု ပြောဆိုသွားပါတယ်။
































ပို့ ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်ဟာ အပြင်ဘန်း အေးဆေးပုံရပေမယ့် လောဘကြီးသူ တဏှာကြီးသူတစ်ဦး ဖြစ်ကြောင်း သိရှိရပါတယ်။ Cambodia နိုင်ငံမှာ ကျင်းပခဲ့တဲ့ 17th ASEAN Transport Minister Meeting ကျင်းပနေတုန်း၊ Sofitel Phnom Penh Hotel မှာ မဒီကညာတစ်သိုက်နဲ့ ပျော်ပါးနေတာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရသူ Cambodia နိုင်ငံသားတစ်ဦးက ပြောပါတယ်။ ၀ါသနာပါတာ ပါတာပေါ့ ... အခုလို နိုင်ငံ့ကိုယ်စားပြု အစည်းအဝေး လာတက်စဉ်မှာတော့ မလုပ်သင့်ပါဖူးဟု ပြောဆိုခဲ့ပါတယ်။




































ယခုလို နိုင်ငံတော်က ပိုင်ပါတယ်ဆိုတဲ့ မြန်မာ့လေကြောင်းလိုင်းရဲ့  အခြေအနေ၊ ပို့ ဆောင်ဆက်သွယ်ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်ရဲ့  လုပ်ရပ်၊ မြန်မာ့လေကြောင်း MD ဦးတင်မောင်ထွန်းနဲ့  ဆန်းဖားခရီးသွားကုမ္ပဏီ (Sun Far) ရဲ့  ပိုင်ရှင် ဦးသန်းဦးတို့ ရဲ့  အကြောင်းတွေကို သိရအောင် အများပြည်သူကိုသာမက လက်ရှိ နိုင်ငံကို အုပ်ချုပ်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန်တို့ ပါ သိစေရအောင် ဖေါ်ပြလိုက်ရပါတယ်။

(ကိုလတ်)။

No comments: