ထောင်ချောက်တွေကို မြင်ကြဖို့ ပါ။
ထောင်ချောက်တွေကို မြင်ကြဖို့ ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပခရီးထွက်ပြီး တိုင်းပြည်ကောင်းကျိုးအတွက် သံတမန်နည်းလမ်းများနဲ့ အဆက်အသွယ်လုပ်ရမှာ ဖြစ်ပါတယ်။
ဖိတ်ကြားထားတဲ့ တိုင်းပြည်များကိုလဲ လာရောက်ပါမည့်အကြောင်းနှင့် အိမ်ရှင်နိုင်ငံများမှလဲ နွေးထွေးစွာကြိုဆိုရန် စောင့်စားလျှက်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုပ်ဆောင်နှိင်တဲ့ စွမ်းရည်ဟာ သိန်းစိန်တို့  အစိုးရအတွက်တော့ အရှက်ရစရာ ဖြစ်နေပါလိမ့်မည်။
ဥပမာ။ ဘန်ကောက်မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်မှာ ဦသိန်းစိန်ဟာ အင်္ဂလိပ်စာ အခက်အခဲကြောင့် ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ အင်္ဂလိပ်စာဖတ်ရမှာ ရှက်တဲ့အတွက် အစည်းအဝေး မတက်ဖြစ်ခဲ့ပါဘူး။ တက်ရောက်ခဲ့တဲ့ စွမ်းအင်ဝန်ကြီး သန်းဌေးကျတော့လဲ ရေးထားပြီသား စာတမ်းရှည်ကြီး ဖတ်နေတာကို ပရိတ်သတ်က စိတ်ပျက်လက်ပျက်စောင့်ပြီး စာတမ်းဖတ်အပြီးမှာ ၀မ်းသာအားရ လက်ခုတ်တီးကြရပါတယ်။ စာတမ်းဖတ်အပြီး one by one မေးတဲ့အခါမှာလဲ မေးခွန်းက မြန်မာပြည်ရဲ့အနာဂါတ်စီးပွားရေးအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲဆိုတဲ့မေးခွန်းကို ဖြေကြားရာမှာ အလွတ်ကျက်ထားတဲ့ အကြောင်းအရာတွေနဲ့ လည်နေတာမှို့ သဘာပတိက စကားဖြတ်ပြီး ပွဲသိမ်းလိုက်မှဘဲ စွမ်းအင်ဝန်ကြီခင်မျာ သက်သာရာရသွားတော့တယ်။
သိန်းစိန်တို့  အစိုးရ အနေနဲ့ မိမိတို့ရဲ့ အင်္ဂလိပ်စာ အားနည်းချက်နဲ့ interview တွေမှာ မေးတဲ့အမေးတွေကို ချက်ချင်း အမှားအယွင်းနည်းစွာနဲ့ တုန့်ပြန်နိုင်ဖို့ ဥာဏ်ရည်မြင့်အောင် ကြိုးစားရမဲ့အစား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစွမ်းကို မနာလိုဖြစ်ပြီ ပြည်ပခရီးစဉ်ကို မသွားရအောင် အောက်လမ်းနည်းနဲ့ ပြုလုပ်လာပါတယ်။
၁။ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးထားတယ်၊ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတော်သမ္မတဟာ ပြည်ပ မထွက်ဘဲနေပြပြီး အမှတ်ယူထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြည်ပထွက်ရင် အပုတ်ချမဲ့ ဂျပု ကျော်ဆန်းရဲ့ တပည့်များက အဆင်သင့်ပြင်ပြီသား ဖြစ်နေတယ်။
၂။ ပြည်ပမီဒီယာတွေနဲ့တွေ့ရင် ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်တဲ့ interview တွေမှာ စကားမှားအောင် ထောင်ချောက်စဉ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားမှားခဲ့လျှင်၂၀၁၅ အတွက် မဲလျှော့သွားအောင် ဖြစ်တယ်။ မြန်မာတို့ဟာ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်လျှင် အထိအရှလွယ်တဲ့အချက်ကို အာဏာရှင်အဆက်ဆက်က လက်ကိုင်ထားပြီး လိုအပ်လျှင် ဆွပေး၍ စစ်တပ်မရှိလျှင် မလုံခြုံကြောင်း ပြလေ့ရှိတယ်။
၃။ မသီတာထွေး ရက်စက်စွာ သတ်ခံရမှုအပေါ် မီးစချပြီး ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးယူပါတယ်။ ရိုဟင်ဂျာကိစ္စဖြစ်နေတာ ခေတ်ပေါင်း နှစ်ပေါင်းကြာလှပါပြီ၊ ဒါပေမဲ့ အခုလို အချိန်ကျမှ ခင်ရီက ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်ဘူးဆိုပြီ အချိန်ကိုက် ဆွပေးလိုက်တယ်။
၎။ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားဝင်ဖြန်ဖြေပြီ၊ ထောင်ချောက်တွေ အကြောင်းရှင်းပြလို့ အေးချမ်းသွားမဲ့ပုံပေါ်လာတော့ စီးပွားရေးနဲ့ကမောက်ကမဖြစ်ပြီ တိုင်းပြည်မတည်ငြိမ်အောင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်စဉ်နဲ့တိုက်ပြီး ငွေ ၁၀၀၀၀ိ/ တန်ထုတ်မယ် လို့ ကြေငြာပြန်ပါတယ်။ တကယ်ဆို အစိုးရသစ် အနေနဲ့ လွှတ်တော်မှာ တင်ပြပြီမှ ထုတ်သင့်ပါတယ်။ စီးပွားရေးတည်ငြိမ်မှုမရှိရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည် ဆွဲဆောင်နိုင်ဖို့ ခက်ခဲသွားစေမှာပါ။
ကျနော့်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ interview တိုင်းမှာ ထောင်ချောက်တွေကို ရှောင်ပြီ လိမ္မာပါးနပ်စွာ ဖြေကြားနှိုင်မယ်လို့ ယုံကြည်ပါတယ်။ တိုင်းကျိုးပြည်ကျိုး အတွက်လဲ နိုင်ငံတကာက ခေါင်းဆောင်များနဲ့ ညှိနှိုင်းတိုင်ပင်လာနှိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ကိုဖိုးထောင်။
No comments:
Post a Comment