Saturday, July 14, 2012

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုကို ကန့် ကွက်ပါတယ်။

































ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဒုသမတအနေနဲ့  အဆိုတင်သွင်းပါသတဲ့။ အဆိုတင်သွင်းခံရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ဒုတိယသမတ ဖြစ်လို့  ရ မရကို မတင်ပြမီမှာ သူဟာ ဘယ်လို လူစားမျိုးလည်းဆိုတာ နောက်ခံလုပ်ရပ်တွေနဲ့  ပြန်လည်တင်ပြလိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ၂၀၀၇ ခုနှစ် သံဃာတွေရဲ့  ရွှေဝါရောင်အရေးအခင်းမှာ ငွေကြာရံဘုန်းကြီးကျောင်းကို ၀င်စီးတဲ့ကိစ္စကို သူကိုယ်တိုင် ညကြီး အနီးကပ် ကွပ်ကဲခဲ့ပါတယ်။ သံဃာတော်တွေသာမက အကုန်လုံးကို ဖမ်းဆီး၊ ထွက်ပြေးရင် ပြစ်သတ်ဖို့ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်အေးကို အမိန့်ပေးတာပါ။ ကင်မရာကိုင်ရင် အကုန်ပြစ်ဖမ်းဆိုတဲ့ သူ့ရဲ့ အမိန့်ကြောင့် ဂျပန်သတင်းထောက် ပစ်သတ်ခံခဲ့ရတာပါ။ ၂၀၀၇ ခုနှစ်တုန်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းသင့်တယ်ဆိုပြီး သန်းရွှေဆီကို သတင်းပို့ ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ တူမဖြစ်သူ ယဉ်မင်းခင်နဲ့  အကြောင်းပါခဲ့ပေမယ့် နောက်ပိုင်းမှာ မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းခဲ့တဲ့ စီးပွားရေးသမားကြီး မောင်ဝိတ် ဖမ်းဆီးခံရတဲ့အမှုမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ သန်းရွှေနဲ့  လူယုံတော်ကြီးဖြစ်လို့  နေမြဲအတိုင်း နေနေနိုင်ခဲ့ပြီး ဖြုတ်ထုတ်သတ်ထဲက ကင်းလွတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ သန်းရွှေရဲ့  မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့  ဆွေမျိုးတော်တယ်လို့  နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဆိုကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ သန်းရွှေရဲ့  ယုံကြည်မှုနဲ့  အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်သူဖြစ်ပြီး၊ မြန်မာပြည် နာဂစ်မုန်တိုင်း တိုက်ခိုက်မှုဒဏ်ခံရပြီးချိန်မှာ နိုင်ငံတကာက အကူအညီလက်ခံပြီး အမြတ်ထုတ်ရအောင်၊ နိုင်ငံတကာက ပို့ လာတဲ့ နာဂစ် အလှူပစ္စည်းပုံးတွေအပေါ် “ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ“ ဆိုတဲ့ နာမည်ထိုး အရှက်ကင်းမဲ့စွာနဲ့  ဗြောင်ကျကျ နာမည်ယူခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက သန်းရွှေရဲ့  အမိန့် နဲ့  ၄င်းတို့ ရဲ့  သခင်ကျေးဇူးရှင် အာဏာရှင် နေဝင်းနဲ့ မိသားစုတွေကို ဖမ်းဆီးခဲ့တဲ့ကိစ္စတွေ၊ ၂၀၀၄ ခုနှစ်မှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းဆီးခဲ့တဲ့ ကိစ္စတွေမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက အဓိက တာဝန်ယူခဲ့ပါတယ်။

ဒီလိုမျိုး အာဏာရှင် သန်းရွှေရဲ့  လူယုံတော်ကြီး၊ ကိုယ်ကျိုးအတ္တ နာမည်ယူသူ၊ ဇတ်တူသားစားဖို့  ၀န်မလေးသူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ယခု ဒုသမတအဖြစ် လျာထားတာဟာ မသေသေးတဲ့ အာဏာရှင် သန်းရွှေကနေ သိန်းစိန် ရွှေမန်းနဲ့ မင်းအောင်လှိုင်တို့ အပေါ် Power Balance အာဏာထိန်းချူပ်တဲ့ပုံစံနဲ့  လုပ်ဆောင်တာ ဖြစ်ပါတယ်။

ယခု ဒုသမ္မတအဖြစ် အဆိုတင်သွင်းခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ သိန်းစိန်တို့  သတ်မှတ်ရေးဆွဲ တစ်ဘက်သတ် အတည်ပြု ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ “နိုင်ငံတော် သမတနှင့် ဒုတိယသမတများ၏ အရည်အချင်း” ၅၉ (စ) ဖြစ်တဲ့ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့ မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့ မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဆိုတဲ့ သတ်မှတ်ချက်နဲ့  ညှိစွန်းနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ဒုတိယသမတ ဖြစ်မြောက်လို့  မရနိုင်ပါဖူး။ ဒီ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ “နိုင်ငံတော် သမတနှင့် ဒုတိယသမတများ၏ အရည်အချင်း” ၅၉ (စ) ကို ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမတ သို့ မဟုတ် ဒုတိယသမတ မဖြစ်ရအောင် အဓိက ရည်ရွယ်ပြီး ထည့်သွင်းပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ယခုလတ်တလောမှာတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအတွက် ဒီ သတ်မှတ်ချက်ဟာ ညှိစွန်းနေပါပြီ။

ညှိစွန်းရတဲ့ အကြောင်းရင်းကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားမက်ဟာ သြစတြေလျနိုင်ငံမှာ သြစတြေလျနိုင်ငံသားအဖြစ် ခံယူထားတယ်လို့  သိရှိရလို့ ဖြစ်ပါတယ်။ ဒုတိယသမတအဖြစ် လျာထားခံနေရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားမက် (သြစတြေလျနိုင်ငံသား ခံယူထားသူ) ဟာ Western Australia လို့ ခေါ်တဲ့ သြစတြေလျအနောက်ပိုင်းပြည်နယ်ရဲ့  မြို့ တစ်မြို့ မှာ ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ဆောင်နေတယ်လို့  နီးစပ်တဲ့အသိုင်းအ၀ိုင်းအရ သိရှိရပါတယ်။ ထို့ အတူ ယခင် ထောက်လှမ်းရေး ဒုတိယအကြီးအကဲဟောင်း ဗိုလ်မှူးချူပ်ကျော်ဝင်းရဲ့  သမီးဖြစ်သူဟာလည်း အဆိုပါ Western Australia လို့ ခေါ်တဲ့ သြစတြေလျအနောက်ပိုင်းပြည်နယ်ရဲ့  မြို့ တစ်မြို့ မှာ နေထိုင်လျက် ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့  သားမက်ဟာ သြစတြေလျနိုင်ငံသား ခံယူထားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေအား ဒုတိယသမတအဖြစ် အဆိုတင်သွင်းထားမှုကို ကန့် ကွက်ပါတယ်။

No comments: