ရန်ကုန်တိုင်း၊ သန်လျှင်မြို့ နယ်ရှိ အာဇာနည်ကျောက်တိုင်သို့  ချီတက်အလေးပြု လွမ်းသူပန်းခွေချခဲ့ကြ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာမွတ်စလင်လူငယ်များကွန်ယက်မှ အဖွဲ့ ဝင်လူငယ်များမှ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြု။
ယနေ့ ဇူလိုင် (၁၉) ရက်နေ့  တွင် ကျရောက်သော (၆၅) နှစ်မြောက် အာဇာနည်နေ့  အခမ်းအနားများအား မြန်မာပြည်နေရာအနှံ့ တွင် ကျင်းပပြုလုပ်ကြပြီး၊ ဗမာမွတ်စလင်လူငယ်များကွန်ယက်မှလည်း ကျဆုံးလေပြီးသော ဗိုလ်ချူပ်အောင်ဆန်းနှင့် အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများအား လွမ်းသူ့ ပန်းခွေများဖြင့် အလေးပြုခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
ဗမာမွတ်စလင်လူငယ်များကွန်ယက်မှ အဖွဲ့ ဝင်လူငယ်များသည် နုစ်ပေါင်း (၂၀) ကျော် ပိတ်ပင်ခံထားရပြီး ယခုနှစ်မှသာ ပြန်လည်ကျင်းပခွင်ရသော ရန်ကုန်တိုင်း၊ သန်လျှင်မြို့ နယ်ရှိ အာဇာနည်ကျောက်တိုင်သို့  ချီတက်အလေးပြု လွမ်းသူပန်းခွေချခဲ့ကြကြောင်းနှင့် ရန်ကုန်တိုင်း၊ တာမွေမြို.နယ်ရှိ အစ္စလာမ်ဘာသာဝင်တို့ ၏ သုသာန်သို့  သွားရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ ၏ ဂူဗိမာန်များတွင် စုပေါင်းအလေးပြုခြင်း ဆုတောင်းမေတ္တာပို့ သခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ ချီတက်အလေးပြု လွမ်သူ့ ပန်းခွေချမှုအခမ်းအနားသို့  ဗမာမွတ်စလင်လူငယ်များကွန်ယက်မှ အဖွဲ့ ဝင်လူငယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ အဖွဲ့ ဝင်များ၊ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများလည်း အတူတကွ ရောက်ရှိခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရပြုခဲ့ကြကြောင်း သိရှိရပါသည်။
(သတင်း/ဓါတ်ပုံ - န၀ရတ်)။
No comments:
Post a Comment