Friday, July 27, 2012

မြန်မာအားကစားနဲ့  အိုလံပစ်။



































မြန်မာနိုင်ငံဟာ အိုလံပစ်အားကစားပြိုင်ပွဲကို ၁၉၄၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လန်ဒန်မြို့  အိုလံပစ်ပွဲတော်မှာ စတင် ၀င်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲကိုလည်း လန်ဒန်မြို့ မှာဘဲ ပြန်လည်ကျင်းပတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် (၆၄) နှစ်မြောက် ဖြစ်တယ်လို့  ဆိုရမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အိုလံပစ်အားကစားပြိုင်ပွဲကို စတင် ၀င်ပါခဲ့တဲ့ ၁၉၄၈ ခုနှစ်ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့ နှစ်က စခဲ့တာလို့ လည်း ပြောရမှာဖြစ်ပါတယ်။

အားကစားပြိုင်ပွဲတွေမှာ လူမှန် နေရာမှန် မရွေးချယ်ခဲ့ဘဲ နီးစပ်ရာ ရွေးချယ်ခဲ့မှုတွေ၊ စစ်မှန်တဲ့ အားကစားစိတ်ဓါတ်ကို အားပေးခြင်းမရှိခဲ့မှုတွေ၊ အားကစားပြိုင်ဆိုင်မှုတွေမှာ လာဘ်စားမှုတွေ၊ သက်ဆိုင်ရာအစိုးရဌာနတွေကနေ ကိုယ့်ရဲ့ ဝန်ကြီးဌာနအတွက် အားကစားသမား လူမွေးမှုတွေ၊ အားကစားဆိုင်ရာ လေ့ကျင့်မှုအတွက် ရှိသင့်ရှိထိုက်တဲ့ လိုအပ်တဲ့ ထောက်ပံ့မှု မလုပ်ခဲ့မှုတွေ၊ အားကစားပိုင်းဆိုင်ရာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ပြုစုပျိုးထောင်မှုတွေကို အခြေခံကစ အဆင့်မြင့်မားသည်အထိ နိုင်ငံတော်အနေနဲ့  မှန်ကန်စွာ အထောက်အကူပြုမှု မလုပ်ဆောင်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့  အားကစားဟာ ကမ္ဘာမှာ ရင်ဘောင်မတန်းနိုင်ခဲ့တာ နှစ်ပေါင်းမြောက်မြားစွာ ကြာနေရတယ်ဆိုတာ ပြောရမယ်ဆိုရင် အဓိကတာဝန်ရှိတာကတော့ တိုင်းပြည်ကို အုပ်ချူပ်သူတွေကြောင့်ဘဲ ပြောရမှာဘဲ ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့  အားကစားစိတ်ပါဝင်စားမှု၊ လေ့လာအားထုတ်မှုနဲ့  မြန်မာအားကစားသမားတွေရဲ့  ကြိုးပမ်းယှဉ်ပြိုင်မှုတွေဟာ နိုင်ငံရဲ့  အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်စွမ်းမရှိတဲ့ တိုင်းပြည်အုပ်ချူပ်သူများရဲ့  ညံ့ဖြင်းမှုအောက်မှာ ပိပြားနေရတာ ဖြစ်ပါတယ်။

နှစ်ပေါင်း (၆၃) နှစ်တိုင်အောင် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပွဲတော်တွေမှာ မြန်မာနိုင်ငံအနေနဲ့  အောင်မြင်မှု ရရှိမှု အတော့်ကို နိမ့်ကျတာ ဖြစ်နေပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှာ ကျင်းပခဲ့တဲ့ ၁၉၆၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲရဲ့  လက်ဝှေ့ ယှဉ်ပြိုင်ပွဲမှာ ကွာတာဖိုင်နယ်အထိ မြန်မာနိုင်ငံမှ လက်ဝှေ့ သမား ကိုတင်ထွန်းက ရောက်ရှိခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် မြူးနစ်မြို့ မှာ ကျင်းပခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အလေးမသမားက ပဉ္စမမြောက်နေရာ ရရှိခဲ့ပါတယ်။ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့  ပထမ ဒုတိယ တတိယနေရာ ဆုတစ်ခုမှတောင် မရရှိခဲ့တာဟာ မြန်မာပြည်သူပြည်သားတွေအတွက် အတော့်ကို မျက်နှာပန်းမလှစရာ ဖြစ်နေပါတယ်။

ယခုနှစ် ၂၀၁၂ ခုနှစ် လန်ဒန်မြို့  အိုလံပစ်အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့  အားကစားသမား (၆) ဦးက ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ့အားကစားသမားတွေ ရွှေတံဆိပ် ငွေတံဆိပ် ကြေးတံဆိပ် ဆွတ်ခူးနိုင်ပါစေလို့  - တိုင်းပြည်နဲ့  လူမျိုးဂုဏ်ဆောင်နိုင်ဖို့ အတွက် တကယ်ကို လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေမှာ ဖြစ်ပါတယ်။































































































































သို့ သော်လည်း အောင်မြင်မှုနဲ့  လွဲချော်ခဲ့ရင်တော့ တိုင်းပြည်အုပ်ချူပ်သူများက နိုင်ငံဂုဏ်ဆောင် အားကစားထူးချွန်သူများကို အပြည့်အ၀ ထောက်ပံ့မဖြည့်ဆီးပေးနိုင်တဲ့၊ နိုင်ငံအားကစားပိုင်းဆိုင်ရာ အရည်အသွေးကို မှန်ကန်စွာ ပြုစုပျိုးထောင် မဆောင်ရွက်ပေးနိုင်တဲ့အတွက်လို့ ဘဲ ပြောရမှာ ဖြစ်ပါတယ်။

No comments: