“အသစ်တဖန် ပြန်လည်မွေးဖွားခြင်း”
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့  - ကျောင်းသားသမဂ္ဂအဆောက်အဦးကို အာဏာရှင် နေ၀င်းတို့ က မိုင်းနဲ့ ဖြိုခွဲဖျက်ဆီးချပြီး၊ ကျောင်းသူကျောင်းသားများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့နေ့  “7 July” ကို မမေ့တဲ့အနေနဲ့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကာလအတွင်းက ရေးသားခဲ့တဲ့ သမိုင်းဝင် ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။
“အသစ်တဖန် ပြန်လည်မွေးဖွားခြင်း”
“ဓါးကို ဓါးချင်း လှံကို လှံချင်း
တုန့်နှင်းရမယ်” ဒင်းပြောခဲ့တဲ့ စကား
နားဝမှာ ကြားဆဲ။
7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
ဒင်းလက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ ကျောင်းသား
ရာပေါင်းများစွာတွေ
သေအံမူးခိုက် ကြိမ်စာတိုက်ခဲ့။
ငမိုက်ကောင် ဒင်းတို့ကို
လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏။
ဒင်းတို့ ဖြိုချ ပြိုကျခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ဘဝ
ငါတို့ ရကြပါစေ။
ကမ္ဘာမကြေဘူးဟေ့။
လွန်ခဲ့တဲ့အဖြစ်
(၂၆) နှစ် ခေတ်တခေတ်ကြာတဲ့အခါ
သူတို့တွေ လူပြန်ဖြစ် မျိုးဆက်အသစ်နဲ့
သည်ခေတ်က ကျုပ်တို့ပဲဟေ့။
ရင်သွေး (၁၉၈၈)။
No comments:
Post a Comment