ဟန်ဆောင်ကာမူပိုတဲ့ လဲ့လဲ့ဝင်းဆွေနဲ့  မင်းသိမ်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေတစ်ယောက် သူရဲ့  မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့ နယ်က ပြည်သူပြည်သားတွေ သူ့ ကို မကြိုက်နှစ်သက်တာကို အင်တာနက်မှာ ဖေါ်ပြတာ သိရလို့  လွှတ်တော်တက်ရင်း ခေါင်းတွေမူးလို့  နှာရှူဆေးပါ ရှုလိုက်ရကြောင်း သိရှိရပါတယ်။
ဒါပေမယ့်လည်း ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေက တစ်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကသူတွေဟာ ပညာမတတ်တဲ့သူတွေ ဘွဲ့ မရတဲ့သူတွေဆိုပြီး ပုတ်ခတ်ပြောဆိုနေကြောင်း နီးစပ်တဲ့အသိုင်းအ၀ိုင်းအရ သိရှိရပါတယ်။
ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေက အခြားသူတွေကို မနာလိုဝန်တိုမှုတွေနဲ့  အဲ့ဒီလို ပုတ်ခတ်ပြောဆိုနေပေမယ့် သူရဲ့  ယောင်္ကျားဖြစ်သူ ပြောင်းဖူးကိုင် ကြံ့ ဖွတ် မင်းသိမ်းဟာ ဘွဲ့  ရပညာတတ်တစ်ယောက် မဟုတ်ဖူးဆိုတာ လဲ့လဲ့ဝင်းဆွေတစ်ယောက် သိမှာပါ။
လဲ့လဲ့ဝင်းဆွေရဲ့  ယောင်္ကျားဖြစ်သူ မင်းသိမ်းဟာ အာဏာရှင်နေ၀င်းလက်ထက်ကတည်းက အဖားကောင်းပြီး၊ အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်း (GTI) Civil မြို့ ပြကိုတောင် ပြီးမြောက်အောင် သင်ခဲ့မှု ရှိမရှိ သေချာစွာ မသိရှိရပါဖူး။ သို့ ပေမယ့် AGTI ဆြိုပီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို သူရဲ့  အဖားကောင်းမှုရယ် မိန်းမဖြစ်တဲ့ ကြံဖွတ်အမတ် လဲ့လဲ့ဝင်းဆွေရဲ့  အရှိန်ရယ် ပေါင်းစပ်ပြီး ဂွင်တွေရိုက်ကာ ကိုယ်ကျိုးရှာနေသူ ဖြစ်ပါတယ်။
ကျန်ခဲ့တဲ့ အာဇာနည်နေ့ တုန်းကလည်း ကြံ့ ဖွတ် မင်းသိမ်းဟာ အများပြည်သူအမြင်မှာ အမြင်ကောင်းအောင်ဆိုပြီး ကြံ့ ဖွတ်ဝတ်စုံနဲ့  အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဟန်ပြ ဦးညွှတ်ပြခဲ့ပါသေးတယ်။
ကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေနဲ့  ကြံ့ ဖွတ် မင်းသိမ်းတို့  အနေနဲ့  တကယ်စစ်မှန်စွာနဲ့  တိုင်းပြည်နဲ့  ပြည်သူအကျိုး မှန်မှန်ကန်ကန် လုပ်ဆောင်လိုတဲ့ဆန္ဒရှိကြောင်း ပြသလိုတယ်ဆိုရင်တော့ ပြည်သူ့ အကျိုးပြုလုပ်ရပ်တွေကို လက်တွေ့ ကျကျ လုပ်ပြဖို့ နဲ့  ပြည်သူလူထုရဲ့ ဆန္ဒတွေကို ဆန့် ကျင်တဲ့ စကားအပြောအဆိုတွေ မပြောဖို့ ပါဘဲ။
No comments:
Post a Comment