MRTV ရယ် ပြည်သူလူထုအပေါ် ဗြောင်မညာပါနဲ့ ။
သိန်းစိန်လက်ထက်ကျမှ အာဇာနည်နေ့  အခမ်းအနား ကျင်းပတာ တိုက်ရိုက်လွှင့်ထုတ်ပြတယ်ဆိုတဲ့ သိန်းစိန်တို့ ရဲ့  နာမည်ယူရေးဗျူဟာနဲ့  ပြသခဲ့တဲ့ MRTV ဟာ ပြည်သူလူထုအပေါ် အောင်ဆန်းဦးလို့  ညာခဲ့တယ်။
MRTV ရယ် ဒီနှစ် အာဇာနည်နေ့ အခမ်းအနားကို LIVE ပြတယ်ဆိုပေမယ့် အင်တာနက်မှာ အောင်ဆန်းဦးပုံကို ဖေါ်ပြထားတာ မမှန်ပါသလို၊ တိုက်ရိုက်လွှင့်ထုတ်မှုမှာလည်း ဗိုလ်ချူပ်အောင်ဆန်းမိသားစုက လွမ်းသူ့ ပန်းခွေချတယ်လို့ ဘဲ တကယ် ပန်းခွေလာချသူနဲ့  ရောချပြောဆိုခဲ့တယ်။
MRTV က “ယခုဆက်လက်ပြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့  မိသားစုက လွမ်းသူ့ ပန်းခွေချမယ့် အစီအစဉ်ဘဲ ဖြစ်ပါတယ်ခင်ဗျာ” လို့  အောင်ဆန်းဦး မလာရောက်ဘဲ လွမ်းသူ့ ပန်းခွေချမှုကို ကိုယ်စား အခြားသူတစ်ဦးက လာရောက်လုပ်ဆောင်ခဲ့တာကို တိတိကျကျ မပြောဆိုဘဲ ရောချခဲ့ပါတယ်။
ဒီလို မလိမ့်မပတ်ရောချပြီး သတင်းကို အမှန်အတိုင်းမကြေညာ မပြောခဲ့တဲ့ MRTV ဟာ ၄င်းရဲ့  အင်တာနက်စာမျက်နှာမှာကျတော့ ဗြောင်ကြီး လိမ်ညာဖေါ်ပြထားတာ တွေ့ ရပါတယ်။
MRTV ရဲ့  အင်တာနက်စာမျက်နှာမှာ ဖေါ်ပြခဲ့တဲ့ ဖေါ်ပြချက်တွေထဲမှာ “ဗိုလ်ချူပ်အောင်ဆန်းရဲ့  သားကြီးဖြစ်သူ အောင်ဆန်းဦး ဂါရ၀ပြုနေစဉ်” နဲ့  “ဦးအောင်ဆန်းဦး လွမ်းသူ့ ပန်းခွေချနေစဉ်” ဆိုပြီး အောင်ဆန်းဦးမဟုတ်တဲ့သူတစ်ဦးရဲ့  ဓါတ်ပုံနဲ့  ဖေါ်ပြထားတာဟာ အလွန်မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
တကယ် လွမ်းသူ့ ပန်းခွေချသူကတော့ ဗိုလ်မှူးလှဖေ ဖြစ်ပါတယ်။ အောင်ဆန်းဦးခမျာ မွေးသဖခင်ရဲ့  အာဇာနည်နေ့ တောင် ကျေးဇူးတရားကင်းမဲ့ပြီး မလာနိုင်ခဲ့ပါဖူး။
ထို့ အပြင် MRTV က ဖေါ်ပြပြောဆိုတဲ့ထဲမှာ ယခုလက်ရှိ ပြန်လည်တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ကို “အာဇာနည်ကြီးများ လဲလျောင်းရာ” လို့  ပြောဆိုခဲ့ပါတယ်။ ဒါဟာ သမိုင်းဖြစ်ရပ်မှန်ကို အာဏာရှင်များအလိုကျ လိုက်ပြီးပြောခဲ့တာ ဖြစ်ပါတယ်။
ယခုတည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ဟာ အာဇာနည်ကြီးများ လဲလျောင်းရာ မဟုတ်ပါဖူး။ မူလ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  ရုပ်ကလပ်များ လဲလျောင်းရာ အာဇာနည်ကုန်းကို မြောက်ကိုရီးယားတွေကနေ ဗုံဖောက်ဖြိုခွဲခဲ့လို့  မူလအာဇာနည်ဗိမာန်ပျက်ဆီးခဲ့ရပါတယ်။ ဒီနောက်မှာမှ ယခု အာဇာနည်ဗိမာန်လို့ ခေါ်တဲ့ နေရာမှာ ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အာဇာနည်ကြီးများ လဲလျောင်းရာလို့  သမိုင်းအဖြစ်အပျက်လွဲမှားစေမယ့် ပြောဆိုမှုနဲ့  သမိုင်းဖြစ်ရပ်မှန်ကို မပြောင်းလဲစေဖို့  အထူးသတိထားပြီး အမှန်အတိုင်း ပြောဆိုသင့်ပါတယ်။
MRTV ရေ …. သိန်းစိန်တို့ ရဲ့  နာမည်ယူရေးဗျူဟာတွေနဲ့  လုပ်နေတာတွေကို အရင် အာဏာရှင်တွေလက်ထက်လိုဘဲ ၀ါဒဖြန့်  မှိုင်းတိုက်တာတွေ ဆက်လက်မလုပ်ဆောင်သင့်တော့ပါဖူး၊ ပြည်သူလူထုအပေါ် မညာပါလို့  ပြောကြားလိုပါတယ်။
No comments:
Post a Comment