သန်းရွှေ သေသွားကြောင်း နာရေးကြော်ငြာကို ယနေ့ ထုတ်သတင်းစာတွေမှာ တွေ့ မြင်ရပါတယ်။
သန်းရွှေ သေသွားကြောင်း နာရေးကြော်ငြာကို ယနေ့ ထုတ်သတင်းစာတွေမှာ တွေ့ မြင်ရပါတယ်။
ဒါပေမယ့် နာရေးကြော်ငြာထဲက သန်းရွှေက နာမည်တူပေမယ့် ဗိုလ်ချူပ်မှူးကြီး သန်းရွှေတော့ မဟုတ်ပါဖူး။ ဗိုလ်မှူးကြီး သန်းရွှေ ဖြစ်နေပါတယ်။
ဗိုလ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေထက် တစ်နှစ်ငယ်ပြီး၊ ကိုယ်ပိုင်အမှတ်တွေက ဗိုလ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ပိုင်အမှတ်က (ကြည်း - ၈၆၅၉) ဖြစ်ပြီး၊ ဗိုလ်ချူပ်မှူးကြီးသန်းရွှေရဲ့  ကိုယ်ပိုင်အမှတ်ကတော့ (ကြည်း - ၆၇၁၀) ဖြစ်ပါတယ်။
ဗိုလ်ချူပ်မှူးကြီးသန်းရွှေ သေဆုံးခဲ့ပြီးပြီလား၊ မသေဆုံးသေးဖူးလားဆိုတာ အများအမြင်မှာ ယခုလတ်တစ်လော တွေ့ မြင် မတွေ့ မြင်မှုအပေါ် မူတည်ပါတယ်။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ သေဆုံးမယ်ဆိုရင် ရဟန်းရှင်လူပြည်သူအပေါင်းကို သတ်ဖြတ်ခဲ့လို့  မြန်မြန်သေပြီး အ၀ီစိငရဲ ဇောက်ထိုးကျမှာမို့  ၀မ်းသာသူတွေ ရှိကောင်းသလို၊ မသေစေချင်သေးဘဲ ရိုင်းစိုင်းယုတ်မာ ဆိုးသွမ်းမှုတွေအတွက် လက်ရှိဘ၀မှာ လက်တွေ့ ဝဋ်လည်ပြီး ထိုက်ထိုက်တန်တန် ခံစားမြင်တွေ့ စေချင်လို့  သေသွားခဲ့ရင် စိတ်မကောင်းသူတွေလည်း ရှိကောင်းမှာပါ။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ သေဆုံးမယ်ဆိုရင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေကို မှီခိုအားထားနေရသူတွေအတွက် စိတ်မကောင်းသူတွေလည်း ရှိကောင်းသလို၊ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ သေဆုံးတာကို စောင့်နေကြပြီး အမှီအခိုကင်းကင်းနဲ့  မိမိတို့  ခြေလက်နဲ့  ကောင်းရာဆိုးရာကို ဖန်တီးချင်ကြသူတွေလည်းရှိကာ ၀မ်းသာကြမယ့်သူတွေ ရှိကောင်းပါရဲ့ ။
ဘယ်လိုဘဲဖြစ်ဖြစ် တစ်ပါတီအာဏာရှင်ကြီး နေ၀င်း သေဆုံးချိန်မှာတောင် မိသားစုလောက်သာ ပို့ ဆောင်ခွင့်ရခဲ့တဲ့ တိုးတိုးတိတ်တိတ် နာရေးထက် သာမလား လျှော့မလားဆိုတာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေရဲ့  နောက်ဆုံးခရီးကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ သေပြီးခဲ့ပြီးလား၊ မသေသေးဖူးလားဆိုတာ အများအမြင်မှာ ယခုလတ်တစ်လော တွေ့ မြင် မတွေ့ မြင်မှုအပေါ် မူတည်တော့ပါတယ်။
No comments:
Post a Comment