Monday, August 13, 2012

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  တောင်ကြီးမြို့ တွင် မျိုးဆက်သစ်လူငယ်များဦးစီးကျင်းပ။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  တောင်ကြီးမြို့ တွင် မျိုးဆက်သစ်လူငယ်များဦးစီးကျင်းပ။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်။

ယနေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ (International Youth Day - 2012) ကို မျိုးဆက်သစ် လူငယ်များဦးစီး၍ ရှမ်းပြည်နယ် တောင်ကြီးမြို့  ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ နံနက်ပိုင်းနှင့် ညပိုင်း ခွဲပြီး ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ ကို (၁) မြို့ ပြ ကျေးလက်ရှိလူငယ်များသည် အခွင့်အရေးနှင့် တာဝန် ယူခြင်းများ သိရလာစေရန် (၂) မြန်မာနိုင်ငံရှိ လူငယ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးလူငယ်များ၏ အခန်းကဏ္ဍများ၊ လုပ်ဆောင်မှုနှင့် အားပေးမှုများကို သိမြင်လာစေရန် (၃) လူငယ်များအတွက် ပိုမိုရင်းနှီးမြှပ်နှံသော မြန်မာ့ လူဘောင် အဖွဲ့ အစည်းအဖြစ် အားကောင်းလာစေရန် (၄) လူငယ်များ ကွန်ယက်ဆက်သွယ် ဆောင်ရွက်ခြင်းအားဖြင့် အခွင့်အရေး တာဝန်ယူခြင်း အခန်းကဏ္ဍများကို ပိုမိုလုပ်ဆောင်လာစေရန် (၅) မြန်မာနိုင်ငံရှိ လူငယ်ထု တစ်ရပ်လုံး အား ကိုယ်စားပြုသောအဖွဲ့ သည် ဒေသအသီးသီးမှ လူငယ်များ ပါဝင်သော ကိုယ်စားပြု အဖွဲ့ ဖြစ်လာစေရန် (၆) မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံပါဝင်သော လူငယ်ညီလာခံပြုလုပ် ကျင်းပလာနိုင်ပြီး လူငယ်များ၏ လက်ရှိ အဓိက လိုအပ်ချက်များကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန် (၇) မြန်မာနိုင်ငံမှ ဦးဆောင်ကျင်းပမည့် အာဆီယံလူငယ် ဖိုရမ် များအတွက် အထောက်အပံ့ကောင်းဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

စကားရည်လုပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲ၊ အမှတ်တရ ပန်းချီဆွဲခြင်း၊ လူငယ်များ၏ထင်မြင်ချက်ဖော်ပြခြင်း၊ လူငယ် ညစာစားပွဲ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းခြင်းနှင့် လူငယ်တေးသီချင်း သီဆိုခြင်းများ ပျော်ရွှင်စွာ ကျင်းပ ဆင်နွှဲခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ မျိုးဆက်သစ်လူငယ် (၂၀၀) ကျော်တက်ရောက် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

"Building a better world, partnering with youth" "How to developed our nation by youths' strength" ဆောင်ပုဒ်များနှင့် YOUTH (လူငယ်) ကို Y-Young (ငယ်ဂုဏ်)၊ O-Obedience (အမိန့် နာခံမှု၊ ဆုံးမစကား နာယူလွယ်မှု)၊ U-Unity (စည်းလုံးညီညွှတ်မှု)၊ T-Truth (အမှန်တရားမြတ်နိုးမှု)၊ H-Honesty (ရိုးသားဖြောင့်မတ်မှု) အဖြစ် အဓိပ္ပယ်ဖွင့်ဆိုထားသည်။

(သတင်း/ဓါတ်ပုံ - ညီဇော်)။




































No comments: