မြန်မာသံတော်ဆင့် ရေးသားချက်အား တရားစွဲမယ့် တာမွေကြံ့ ဖွတ်အမတ် လဲ့လဲ့ဝင်းဆွေနှင့် မြန်မာသံတော်ဆင့်မှ တုန့် ပြန်ချက်။
မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ (၂၇-၇-၂၀၁၂) တွင် ဖော်ပြထားသည့် ( နိုင်ငံရေးလှည့်ကွက်များသည် လူငယ်ထု များအတွင်း၌ပင် ခံစားခဲ့ကြရသည်) ဆောင်းပါးနှင့် ပတ်သက်၍ (၂၈-၇-၂၀၁၂) တွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ - ဂျာနယ်တိုက်သို့ တရားစွဲမည်ဖြစ်ကြောင်း၊ သံတော်ဆင့် အယ်ဒီတာချုပ်သည် ၄င်း၏ မြို့ နယ်အတွင်း၌ နေထိုင်ကြောင်း၊ - စာရေးသူ မောင်ရေစက် မည်သူမည်ဝါသိရှိလိုကြောင်း နေရပ်လိပ်စာ သိလိုကြောင်း စသည်ဖြင့် မေးခွန်းများကို တယ်လီဖုန်းဖြင့် မောက်မာစွာ ပြောဆိုခဲ့ကြောင်း သိရှိရသည်။ ထို့ အတွက် ၄င်း၏ မြို့နယ် ကော်မတီဝင် ဦးခိုင်ထွန်းအောင်မှ ဖုန်းဖြင့်ဆက်သွယ်၍ အယ်ဒီတာချုပ်အား ၄င်း၏မြို့နယ်အတွင်းရေးမှူးနှင့် တွေ့ဆုံ ညှိနှိုင်းရန် ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်း၊ လုပ်ရပ်များ ပီသရန် လိုအပ်သကဲ့သို့ မြန်မာသံတော်ဆင့် သတင်းဌာနသည် သတင်းအမှန်များကိုသာ ရေးသား၍ မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ရွံ့ဘဲ ယခုသတင်းဆောင်းပါးပါ အချက်အလက်များထက် ပိုမိုဆိုးဝါးသော၊ နောက်ကွယ်မှ သတင်းအမှန်များကို အထောက်အထားခိုင်လုံစွာဖြင့် ချပြဖြေရှင်းရန် အသင့်ရှိသည်။ လူသက်သေ၊ ပစ္စည်းသက်သေ၊ မှတ်တမ်းသက်သေ၊ အသံဖိုင်များဖြင့် သတင်းစုဆောင်း ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်အနေဖြင့် ပြည်သူများအပေါ် လက်တစ်လုံးခြား လှည့်ဖျားနေသော လုပ်ရပ်များကို အချိန်မီ ပြုပြင်ရန် တိုက်တွန်းလိုကြောင်း သို့မဟုတ်ပါက ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း မြန်မာသံတော်ဆင့်မှ တုန့် ပြန်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment