၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။
အာဏာရှင်ကြီး နေ၀င်းရဲ့  ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ ဆက်လက်တည်ရှိနေတာလား၊ ၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။
သြဂုတ်လ (၂၀) ရက်နေ့  နေ့ စွဲနဲ့  ထွက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားချက် အမှတ် (၅၁) အရ - မြန်မာနိုင်ငံမှ သတင်းဂျာနယ်၊ စာပေ၊ မဂ္ဂဇင်း များအနေဖြင့် စာပေစိစစ်ရေးသို့ တင်ပြစိစစ်ခံပြီးမှသာ ထုတ်ဝေခွင့်ရရှိနေခြင်းအား ယနေ့ သြဂုတ်လ ၂၀ ရက်မှ စတင်ကာ အလုံးစုံရပ်ဆိုင်းလိုက်ကြောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်/တင်စနစ်ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ကြေညာချက်ထဲမှာ “ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ၊ အမှာစာနှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းအားဖြင့်” လို့  ရေးသားထားပါတယ်။
၁၉၆၂ ခုနှစ် ဥပဒေဆိုတာ အာဏာရှင်ကြီး နေ၀င်း ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားသိမ်းပိုက်ပြီး “တော်လှန်ရေးကောင်စီ” အမည်ခံ အာဏာရူးအုပ်စုက ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
ကျော်ဆန်းရဲ့  ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ ၁၉၆၂ ခုနှစ် ဥပဒေကို ကျင့်သုံးနေတဲ့အတွက် အာဏာရှင် နေ၀င်းရဲ့  ၁၉၆၂ ခုနှစ်၊ ၁၉၇၄ ခုနှစ် ဥပဒေတွေဟာ ယခုလက်မှောက်ထိ ဆက်လက်တည်ရှိနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။
ဒါဆိုရင် အာဏာရှင်ကြီး နေ၀င်းရဲ့  ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ ဆက်လက်တည်ရှိနေတာလား၊ ၂၀၀၈ ခုနှစ် ကြံ့ ဖွတ်တို့ ရဲ့  ဖွဲ့ စည်းပုံအခြေခံဥပဒေတွေဟာ နောက်ကြောင်းပြန်လှည့်နေတာလား။
No comments:
Post a Comment