Tuesday, August 14, 2012

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ ဖြစ်ပါတယ်။





















သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် အောက်ပါအတိုင်းဖွဲ့ စည်းရမည်။

(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ၊

(၂) မြို့ နယ်ကိုအခြေခံ၍လည်းကောင်း လူဦးရေကိုအခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ၊

(၃) ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ။

ယင်းအစုအဖွဲ့  တစ်ဖွဲ့ စီက ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ရမည် - လို့  သတ်မှတ်ထားပါတယ်။





























ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ က နိုင်ငံတော်သမ္မလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်။

ထိုသို့  နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြဋ္ဌာန်းပေးရမည် - လည်း သတ်မှတ်ထားပါတယ်။
























အဆိုပါ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သိန်းစိန်တို့  ရွှေမန်းတို့ က ဒုတိယသမ္မတ နှစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့တာကိုကြည့်ရင် ၄င်းတို့ ရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ၄င်းတို့ ကိုယ်တိုင် ဖောက်ဖျက်နေပါတယ်။ ၄င်းတို့ အလိုကျ စိုင်းမောက်ခမ်းနဲ့  တင်အောင်မြင့်ဦးကို ဒုတိယသမ္မတအဖြစ် နှစ်ဦးတည်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ထဲက အခြားတစ်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပေးရမှာကို သိသိကြီးနဲ့  လစ်လျူရှူထားပြီး ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မလိုက်နာတာ ဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ တင်အောင်မြင့်ဦးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး တင်အောင်မြင့်ဦး ဒုတိယသမ္မတရာထူးကနေ လစ်လပ်သွားတဲ့အခါမှာတော့ ဒုတိယဗိုလ်ချူပ်ကြီးဟောင်း မြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့အခါမှာတော့ ဒုတိယသမ္မတဖြစ်ဖို့  သတ်မှတ်ချက်တွေနဲ့  ညှိစွန်းနေတာနဲ့  ယခုတစ်ခါ နောက်တစ်ဦးကို ထပ်မံတင်မြှောက်ဖို့  ဆောင်ရွက်နေကြပါတယ်။ ဒုတိယဗိုလ်ချူပ်ကြီးဟောင်း မြင့်ဆွေ အမည်တင်သွင်းခဲ့တုန်းကတော့ လူသိရှင်ကြား ကြေညာခဲ့ပေမယ့် ယခု နောက်တစ်ဦး အမည်တင်သွင်းမှုကိုတော့ ခိုးကြောင်ခိုးဝှက်နဲ့  အမည်စာရင်း ကမန်းကတန်း တင်သွင်း ချက်ချင်း ကျမ်းကျိန်ခိုင်းတာတွေ လုပ်ပြီး နိုင်ငံတော်ရဲ့  ဒုတိယသမ္မတတစ်ဦးကို ပြည်သူ့ လွှတ်တော်ကိုယ်စားမဟုတ်တဲ့သူတစ်ဦးကို ခန့် အပ်ပါတော့မယ်။

တိုင်းပြည်အတွက် အင်မတန်အလွန်အရေးကြီးတဲ့ ဦးဆောင်မှုအုပ်ချုပ်မှုအခန်းကဏ္ဍ ဦးသျှောင်များဖြစ်ကြတဲ့ သမ္မတနဲ့  ဒုတိယသမ္မတအဆင့်နေရာ ရယူသူတွေကို ပြည်သူ့ သဘော ပြည်သူ့ ဆန္ဒ အပြည့်အ၀မပါဘဲ ပိုမိဆိုးရွားတာကတော့ ပြည်သူတွေ အသိမပေး ပြည်သူတွေ မသိဘဲ ဒုတိယသမ္မတ တစ်ဦး ထပ်မံပေါ်ပေါက်တော့မှာ ဖြစ်ပါတယ်။


၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ချက်တွေအရ ဒုတိယသမ္မတသုံးဦး ရှိရမှာ လစ်လျူရှူထားပြီး ၄င်းတို့ အလိုကျ ကောက်ရွေးထားတဲ့သူတွေသာ ဒုတိယသမ္မတနေရာ နှစ်နေရာကို ယူထားတာဟာ မြန်မာနိုင်ငံသမိုင်းမှာ အလွန်အရုပ်ဆိုး အကျီးတန်လွန်းလှပါတယ်။

အကယ်၍သာ သမ္မတသုံးဦးနေရာကို ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ များထဲမှသာ ဒုတိယသမ္မတသုံးဦးစလုံးကို ရွေးချယ်ခဲ့မယ်ဆိုရင် သိက္ခာရှိသော မှန်ကန်ဖြောင့်မတ်သော သမ္မတရွေးချယ်တင်မြှောက်မှု ဖြစ်မှာ ဧကန်ဖြစ်ပါတယ်။


No comments: