Monday, September 10, 2012

ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ် ဘုရားဝတ်ပြုရန် လာကြတဲ့ မုံရွာက မသွဲ့ သွဲ့ ဝင်းအပါအ၀င် ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးပါ။

ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ် ဘုရားဝတ်ပြုရန် လာကြတဲ့ မုံရွာက မသွဲ့ သွဲ့ ဝင်းအပါအ၀င် ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးပါ။

စစ်ကိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်အတွက် ၀တ်ပြုဆုတောင်းရန်လာရောက်သူ မသွဲ့သွဲ့ဝင်းတို့အား ယနေ့ (၁၂) နာရီခန့်က မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး -ဦးကြူအင်းက မုံရွာအမှတ် (၁) ရဲစခန်းသို့ လိုက်ထရပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။



ထိုဖြစ်စဉ်များကြောင့် မုံရွာမြို့၏ တန်ခိုးကြီးအထင်ကရ ဆုတောင်းပြည့်
မြတ်စွာဘုရားကြီးအား တံခါးပေါက်များ ပိတ်ခြင်း၊ မြစ်ကူးကူတို့များ ပိတ်ထား ခြင်း၊ ချင်းတွင်းတံတားပိတ်ထားခြင်း၊ တစ်ခါမျှ မဆောင်ရွက်ခဲ့ဘူးသော ချင်းတွင်းတံတားတွင် ဆိုင်ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေပါတယ်။

မသွဲ့ သွဲ့ ဝင်းအပါအ၀င် ဖမ်းဆီးခံရသူ အမျိုးသမီး (၁၂) ဦး ပြန်လည်လွတ်မြောက်ဖို့ အတွက် ယနေ့နေ့လည် (၁)နာရီဝန်းကျင်က မုံရွာမြို့ ဘူတာလမ်းရှိ အမှတ် (၁) ရဲစခန်းရှေ့တွင် လက်ပန်းတောင်းတောင်အနီးတ၀ိုက်မှ ရွာသူရွာသားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြပါတယ်။

No comments: