Tuesday, September 11, 2012

အမေ့ရင်သွေးပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တိုမြို့ နယ်)။

အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနိမ့်ကျလျှက်ရှိသော ကလေးများအား ပညာရေးမြှ့င်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သော အမေ့ရင်သွေးပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တိုမြို့ နယ်)၊ ကျောင်းဆောင်သစ်ဖွင့်ပွဲကို စက်တင်ဘာလ (၈) ရက်နေ့  မနက် (၁၀) နာရီက အဆိုပါကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။



အမေ့ရင်သွေးပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တိုမြို့ နယ်)၊ ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ စေတနာရှင် မိဘပြည်သူများ၊ ကျောင်းကော်မတီဝင်များ၊ စေတနာဝန်ထမ်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုံညီစွာ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါသည်။

အမေ့ရင်သွေးပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တိုမြို့ နယ်) တွင် မူလတန်းမှ အထက်တန်းထိ ကျောင်းသားပေါင်း (၂၀၀) ကျော်ကို စေတနာဝန်ထမ်း ဆရာ ဆရာမ (၁၅) ဦးဖြင့် ပညာသင်ကြားပေးလျှက်ရှိပါသည်။

ကျောင်းလိပ်စာ - အမေ့ရင်သွေးပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တိုမြို့ နယ်)
အမှတ် (၂၁) အင်ကြင်းမြိုင်လမ်း၊ ( ၃/၄ ) စက်မြေ၊ ဆိပ်ကြီးအရှေ့၊ ဆိပ်ကြီးခနောင်တိုမြို့ နယ်။
ကျောင်းတာဝန်ခံ ။ ။ ဒေါ်ခင်သူဇာ ( ၀၁ ၂၆၈၃၁၇ ) ဒေါ်ခင်စယ်( ၀၁ ၂၆၈၃၁၈ )။

ပညာရေးကွန်ရက်
အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်။

(သတင်း/ဓါတ်ပုံ - ဦးငယ်)။

No comments: