လက်တွဲလို့ ကူညီ၊ မေတ္တာဖြင့် ဖေးမကာ၊ လူထုအားဖြင့် ၀ိုင်းဝန်းအံ့။
လက်တွဲလို့ ကူညီ၊ မေတ္တာဖြင့် ဖေးမကာ၊ လူထုအားဖြင့် ၀ိုင်းဝန်းအံ့။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ကော့မှူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်မှုများနှင့် အညီ ပညာရေးကွန်ရက် ၊ ကျန်းမာရေးကွနရက်တို့ဖြင့်ဖွဲ့စည်းထားသော ဒဂုံတောင်ပိုင်းမြို့နယ်၊ NLD-BG အရေးပေါ်အသက်ကယ် သွေးအကူအညီပေးရေးနှင့်၊ အသိပညာ၊အတတ်ပညာသင်ကြားပေးရေး၊ အသက်မွေးဝမ်းကြောင်းပညာ၊ အမှိုက်ကောက်လေလွင့်၊ကလေးငယ်များကို နေ့စဉ်ပညာများသင်ကြား ပေးနေသော NLD-BG ပညာဒါနကျောင်းမှ တာဝန်ခံ ကိုညီညီ ဦးစီး၍ ဒဂုံတောင် NLD မှ အဖွဲ့ဝင် ကော်မတီများ၊လူငယ်များ၊ပြည်သူများမှ ဆန်အိတ်ပေါင်း (၁၀၀)ကျော် ၊ အ၀တ်အထည်များ ၊စားကုန်၊ သောက်ကုန်များ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံးပစ္စည်းများကို လက်ရှိ ရေဘေးသင့် ဒုက္ခရောက်နေသော ဒဂုံတောင်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ပဲခူးတိုင်း က၀မြို့နယ်နှင့် အနီးတ၀ိုက်ရှိ ရေနစ်မြုပ်နေသော ရွာများသို့ သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။
၃.၉.၂၀၁၂ နံနက် ၈နာရီတွင် BG သွေးအကူအညီပေးရေးနှင့်အသိပညာ၊ အတတ်ပညာ သင်ကြား ပေးရေးဗဟိုမှ ဗိုလ်တစ်ထောင် NLD-BG ၊ ပုဇွန်တောင် NLD-BG ၊ ဗိုလ်တစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် (၁၀)ရပ်ကွက်မှာရှိတဲ့မိဘပြည်သူ အလှူရှင်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အဓိကဆန်အလှူရှင် နှစ်ဦးဖြစ်သော( K T T W, K M M K ) မိသားစုများ စသောအလှူရှင်များနှင့် ပူးပေါင်းကာ ဧရာဝတီတိုင်း မအူပင်မြို့နယ် ကျုံနတ်တော်ကျေးရွာ ဆယ်ဝအုပ်စုသို့ ဆန်အိတ်ပေါင်း (၁၀၀)ကျော် ၊ အ၀တ်အထည်များ ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံးပစ္စည်းများကို သွားရောက်လှူဒါန်းနိုင်ခဲ့ ပါတယ်။
၅.၉.၁၂ နေ့ လှိုင်သာယာ FMI မှ ကိုရဲမျိုးမင်းနှင့် ကိုမင်းမင်း သူငယ်ချင်းများသည် ရေဘေး ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြသော ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ရပ်ကွက်အသီးသီးသို့ ဆန်အိတ် (၂၀)၊ အ၀တ်အထည်းများ၊ ခေါက်ဆွဲဖာ (၅၀)၊ ငါးသေတ္တာဘူး (၁၀၀)၊ ကော်ဖီမစ် အထုပ်ကြီး (၅၀) နှင့်အခြားသော မီးဖိုဆောင်သုံးပစ္စည်များကိုလည်း ဒဂုံတောင်ရှိ NLD-BG ၊ ဗိုလ်တ ထောင် NLD-BG၊ တို့ ပူးပေါင်းကာ လှူဒါန်းနိုင်ခဲ့ပါတယ်။
ယခုဆိုလျှင်အလှူရှင်များ၏စေတနာဖြင့် ဆန်အိတ်ပေါင်း (၃၀၀)ကျော်ခန့်ကို အမှန်တစ်ကယ် လိုအပ်နေသော နေရာများသို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်ပြီးလည်း ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ကျောင်းကုန်းကျေးရွာမှ အကူအညီတောင်းလာပါသဖြင့် သွားရောက်ကူညီရန် အစီ အစဉ်ရှိပါသည်။
ပူးပေါင်းသွားရောက်လှူဒါန်းလိုသူများ ၁၀.၉.၂၀၁၂ ရက်နေ့နောက်ဆုံးထားပြီး ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကတော့
၀၉၇၃၁၂၅၈၈၅ (NLD-BG ပညာဒါနကျောင်း)
၀၉၄၉၃၂၈၀၅၅ (NLD-BG- တာဝန်ခံ) ကိုညီညီ
၀၉၇၃၀၀၁၇၂၆(ပုဇွန်တောင်) ဒေါ်သီတာဝင်းအောင်
၀၉၅၁၇၅၂၈၄(မြောက်ဒဂုံ) ဒေါ်မိုးမိုးသန်း။
(သတင်း/ဓါတ်ပုံ - လင်းဆက်)။
No comments:
Post a Comment