Tuesday, September 18, 2012

စက်တင်ဘာ (၁၈) ရက်နေ့ ဆိုတာ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  အကြမ်းဘက် သိမ်းပိုက်ခံခဲ့ရတဲ့ နေ့ တစ်နေ့ လည်း ဖြစ်ပါတယ်။

စက်တင်ဘာ (၁၈) ရက်နေ့ ဆိုတာ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  အကြမ်းဘက် သိမ်းပိုက်ခံခဲ့ရတဲ့ နေ့ တစ်နေ့ လည်း ဖြစ်ပါတယ်။

ပြည်သူ့ အာဏာကို နေ၀င်း အာဏာရှင်က ၁၉၆၂ ခုနှစ်တုန်းက တစ်ကြိမ်၊ စောမောင် သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တစ်စုက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ တုန်းက တစ်ကြိမ် မတရား အာဏာသိမ်းခဲ့တယ်။

ဒီလို လက်နက်နဲ့  အနိုင်ကျင့်ပြီး ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့ရုံသာမက၊ ငြိမ်းချမ်းစွာနဲ့  ဆန္ဒပြကြတဲ့ ပြည်သူပြည်သားတွေကို အဓမ္မအကြမ်းဖက်ပြီး ပစ်သတ်ခဲ့ကြလို့  အပြစ်မဲ့ ပြည်သူတွေ အမြောက်အများ အသက်ဆုံးရှုံးခဲ့ကြတယ်။

ဒီလို အသက်ဆုံးရှုံး ဘ၀တွေ ကြေပျက်ကြရတဲ့ အဖြစ်အပျက်တွေထဲက - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  မတရား အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲမှာ ရောက်နေခဲ့တဲ့ အသက် (၁၃) နှစ်အရွယ် မိန်းကလေး - ဒူးဂေါင်းတွင် သေနတ်ဒဏ်ရာ ရရှိကာ နောက် (၄) ရက်မြောက်နေ့ တွင် ခြေထောက်ဖြတ်လိုက်ရသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲမှာ ရောက်နေခဲ့တဲ့ ဆီးစပ်တွင် သေနတ်ဒဏ်ရာရရှိကာ သေဆုံးခဲ့သူ တစ်ဦးရဲ့  ဓါတ်ပုံကို ကြည့်ရှူနိုင်ပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နေ့ မှာ ရမ်းကားစွာ ပစ်ခတ်မှုကြောင့် အပြစ်မဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူမြောက်မြားစွာ သွေးမြေကျခဲ့ရပါတယ်။



စစ်တပ်အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာ (၁၈) ရက်နေ့ မျိုး မြန်မာနိုင်ငံမှာ နောက်နောင် ဘယ်သောအခါမှ မပေါ်ပေါက်စေဖို့ အတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ - ကာကွယ်ရေးဦးစီချူပ်ကို နိုင်ငံတော်အာဏာလွဲအပ်မှု အချက်တွေကို ပယ်ဖျက်ပစ်ဖို့  လိုပါတယ်။

No comments: