ငြိမ်းချမ်းစေချင်တာ တကယ်ဆန္ဒရှိတယ်ဆိုရင် ကိုယ်ကိုတိုင် ကိုယ့်ဘက်က စပြီး စစ်ပွဲတွေကို အရင် ရပ်တန့် ပါ။
ငြိမ်းချမ်းစေချင်တာ တကယ်ဆန္ဒရှိတယ်ဆိုရင်
ကိုယ်ကိုတိုင် ကိုယ့်ဘက်က စပြီး စစ်ပွဲတွေကို အရင် ရပ်တန့် ပါ။
စစ်တိုက်မိန့်ပေးနေတာ ဘယ်သူလဲ …..
စစ်တိုက်မိန့် ပေးသူ အလိုမရှိ ….
စစ်တိုက်မိန့် ပေးသူ ပြည်သူ့ရန်သူ ….
ပြည်တွင်းစစ်အလိုမရှိ …..
မြန်မာပြည်မှာ ပြည်သူတွေက ပြည်တွင်းစစ်ကို အလိုမရှိလို့ ဆန္ဒဖော်ထုတ်ဖို့ ဆန္ဒပြခွင့်တောင်းတယ်။ ခွင့်မပေးဘူး။ ခုလက်ရှိအချိန်မှာ ညီနောင်သားချင်းဖြစ်တဲ့ တိုင်းရင်းသာတပ်တွေ နဲ့ အစိုးရတပ်တွေ စစ်ပွဲဖြစ်နေကြတယ်။

လက်အောက်ငယ်သားတွေက သွားတိုက်နေကြတာ မဟုတ်ဘူး။ အထက်က အမိန့်ပေးလို့
တိုက်ရတာ ဖြစ်တယ်။
စစ်တိုက်တဲ့အခါ သေတဲ့လူရှိတယ်။ ကျိုးတဲ့ ကန်းတဲ့သူရှိတယ်။ သေသွားသူတွေမှာ
အဖမဲ့သား အဖမဲ့သမီးတွေ ကျန်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့ ရဲ့
သွေးသားရင်းချာတွေပဲ။ ကျိုးတဲ့ ကန်းတဲ့ သူကလည်း ကျွန်တော်တို့ရဲ့
သွေးသားရင်းချာတွေပဲ။
ဒီစစ်ပွဲရပ်ဖို့ ပြည်သူတွေက တောင်းဆိုနေတယ်။
ဒီစစ်ပွဲရပ်ဖို့ ပြည်သူတွေက တောင်းဆိုနေတယ်။
ဘယ်သူ ပစ်မိန့်ပေးနေတာလဲ။
သမ္မတလား ?
စစ်ဗိုလ်ချူပ်လား ?
ပြည်သူတွေလိုချင်နေတဲ့ ငြိမ်းချမ်းရေးကို မပေးဘဲ စစ်တိုက်ချင်နေတဲ့
စစ်သွေးကြွ စစ်ဗိုလ် အလိုမရှိ။ …..
ပြည်သူတွေလိုချင်နေတဲ့ ငြိမ်းချမ်းရေးကို မပေးဘဲ စစ်တိုက်ချင်နေတဲ့ စစ်သွေးကြွ စစ်ဗိုလ် အလိုမရှိ။ ….
စစ်တိုက်မိန့် ပေးသူ ဖော်ထုတ်ပေး။
စစ်တိုက်မိန့် ပေးသူ ရဲရဲဝန်ခံ။
စစ်တိုက်မိန့် ပေးသူ ပြည်သူရန်သူ။
စစ်တိုက်မိန့် ပေးသူ အလိုမရှိ။
(တွံတေးသား)။

No comments:
Post a Comment