Sunday, October 14, 2012

ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ်မှ လှူဒါန်း။



ကချင်စစ်ဘေးသင့် ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ်မှ လှူဒါန်း

ကချင်ပြည်နယ်ရှိ စစ်ဘေးဒါဏ်သင့် ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများ သီဆို၍ အလှူငွေများ လိုက်လံကောက်ခံခဲ့ကြပါသည်။
အလှူငွေကောက်ခံမှုကို သန်လျင်မြို့ နယ်အတွင်းရှိ လူစည်ကားသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ ကျောင်းသား(၂၁)ယောက်ဖြင့် လိုက်လံကောက်ခံခဲ့ကြခြင်း ဖြစ်ပါသည်။ သီချင်းများ သီဆိုအလှူခံထွက်ရင်း တပြိုင်နက် (ရတကသ) မှ ပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန် တောင်းဆိုသည့် ကြေငြာချက်များကိုလည်း ဖြန့် ဝေခဲ့ကြပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ အလှူခံရရှိသော ငွေကျပ် ၃၁၀၀၀၀ကျပ် (သုံးသိန်းတစ်သောင်းကျပ်) နှင့် လှူဒါန်းကြမည် ဖြစ်သည်။ ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံရရှိသော အလှူငွေ တစ်သိန်းငါးသောင်း၊ ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှ အလှူခံရရှိသော အလှူငွေ လေးသောင်းကျပ် စုစုပေါင်း အလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည် စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ၊ အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန် အလို့ ငှာ ဖော်ပြအပ်ပါသည်။ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ) မှ ကျောင်းသားကျောင်းသူများက အထူးပင် ကျေးဇူးတင်ရှိပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးသော ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှ ကျေးဇူးအထူးတင်ရှိပါသည်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။

No comments: