Monday, October 8, 2012

ဗကသကျောင်းသားများ၏ ပြည်သူ့ အကျိုးပြု ဇီဝိတဒါန။



ဗကသကျောင်းသားများ၏ ပြည်သူ့ အကျိုးပြု ဇီဝိတဒါန။

(၃၀.၉.၂၀၁၂) ရက်နေ့  နေ့ လည် ဆယ့်နှစ်နာရီတွင် သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင် အသည်းရောင်အသားဝါရောဂါဖြင့် အရေးပေါ်သွေး လိုအပ်လျက်ရှိသော မွေးကင်းစကလေးငယ် မချစ်စုထွေး လိုအပ်လျက်ရှိသော အိုသွေးတစ်လုံးအား သွားရောက်လှူဒါန်းပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၊ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုထိန်လင်းအောင်အား လူနာရှင်မိသားစုကိုယ်စား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

* ပြည်သူ့ ရင်သွေးကျောင်းသားများ၏ သွေးသည် မိဘပြည်သူများအတွက်သာ ဖြစ်သည် *


ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ဗကသကျောင်းသားတစ်ဦးဖြစ်သော ကိုမင်းညိုမှ သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင် (၂၅.၀၉.၁၂) ရက်နေ့ ည (၁၂း၄၅) အချိန်တွင် ကလေးမီးဖွားရ ခက်ခဲနေသော လူနာတစ်ဦးအား အရေးပေါ်သွေး လှူဒါန်းခဲ့ပါသည်။

"ခွပ်ဒေါင်းတို့ ၏ သွေးသည် ပြည်သူအတွက်သာ ဖြစ်သည်"

သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင် ကလေးမီးဖွားရခက်ခဲမှုကြောင့် အရေးပေါ်သွေး လိုအပ်နေသောလူနာတစ်ဦးအား ရန်ကုန်တောင်ပိုင်းရိုင်ကျောင်းသားများသမဂ္ဂမှ ဗကသကျောင်းသူ မယွန်းရွှေခိုင်မှ B သွေးတစ်လုံး အရေးပေါ်လှူဒါန်းပေးခဲ့သည့်အတွက် လူနာရှင်များကိုယ်စား ဗကသများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

(သတင်း လွင်ပြင်)။

No comments: