ပြည်သူလူထုအပေါ် ရိုင်းစိုင်စွာဆက်ဆံခဲ့တဲ့ ရဲမြို့ နယ်မှူး။
ပြည်သူလူထုအပေါ် ရိုင်းစိုင်စွာဆက်ဆံခဲ့တဲ့
ရဲမြို့ နယ်မှူး။
ကျွန်တော်တို့က တာမွေမြို့နယ်၊
ကျားကွက်သစ် ရပ်ကွက်၊ မဂ္ဂင်လမ်းမှာ နေ ကြပါတယ်။
ကျွန်တော်တို့ လမ်းကို ကွန်ကရစ်လမ်းအသစ် ခင်းနေပါတယ်။ လမ်းအသစ်ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ်နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟု သတိပေး တားမြစ်ထားပါတယ်။
ကျွန်တော်တို့ လမ်းကို ကွန်ကရစ်လမ်းအသစ် ခင်းနေပါတယ်။ လမ်းအသစ်ခင်းနေတဲ့ အတွက် ကား ဆိုင်ကယ်နှင့် စက်ဘီးများ ဝင်ခွင့်မပြုဟု သတိပေး တားမြစ်ထားပါတယ်။
အခင်းဖြစ်ပုံမှာ လွန်ခဲ့သော
စက်တင်ဘာလ ၃ဝ ရက် နံနက် (၁း၂ဝ) အချိန် လူငယ် (၄) ယောက် မိန်းကလေး (၂) ယောက်ပါသော
super roof van ce106 ဖင်ကောက် တစ်စီးက လမ်းတွင် ပိတ်ဆို့ထားသော အုန်းတုံးများနှင့်
တန်းများကို တိုက်ကာ ဝင်လာပါတယ်။
ကားနံပါတ်မှာ ရှေ့ဘက်တွင်
၁ခ/၁၃ဝ၇ ဖြစ်ပြီး အနောက်ဘက်တွင် ၁ခ/၁၃၁၇ ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ လူငယ်များ တားဆီးသော်လည်း
ဂရုမစိုက်ဘဲ ဆက်မောင်းသောကြောင့် လူငယ်များလည်း ခုန်ရှောင်လိုက်ရပါတယ်။
လမ်းရဲ့ ကျန်တဲ့ တစ်ဘက်ခြမ်းက
ခင်းလို့ မပြီးသေးတဲ့အတွက် ကျောက်ပုံများ သဲပုံများရှိသောကြောင့် ဆက်သွား လို့မရပါဘူး။
အဲဒီအချိန်မှာ ကားက နောက်ဘက်ကို ပြန်ဆုတ်လာပြီး လမ်းအလယ်က ယာယီတဲနဲ့ ဝင်တိုက်မိပါတယ်။ လမ်းထဲမှာ မီးကလည်း ပျက်နေတဲ့အချိန်
ဖြစ်ပါတယ်။
လမ်းသူလမ်းသားများက တိုက်များပေါ်မှ
ဝိုင်းဝန်းအော်ဟစ် တားဆီးကြပါတယ်။ ဒါပေမဲ့ သူတို့ကားပေါ်မှ ယောင်္ကျားလေး (၄) ယောက် ဆင်းလာပြီး၊
ယာယီတဲကို ရိုက်ချိုး၊ ကြံခိုင်ရေးမှ ကူညီခင်းသောကြောင့် ထောင်ထားသော အလံများကိုလည်း
ရိုက်ချိုးပါတယ်။ သူတို့ အားလုံး မူးနေကြပါတယ်။
လမ်းသားများကိုလည်း ညစ်ညမ်းစွာ
ဆဲဆိုပြီး၊ လူကြီးသားကွ မင်းတို့ လမ်းသားတွေ မိုက်တဲ့ကောင် ထွက်ခဲ့ ဟု စိန်ခေါ်ပါတယ်။
လမ်းရာအိမ်မှူးက အေးဆေးစွာပဲ ငါ့ညီတို့ မင်းတို့ ဘာဖြစ်တာလဲ၊ အစ်ကိုက ရာအိမ်မှူးပါဟု
ပြောသော်လည်း၊ မင်းလို ရာအိမ်မှူးလောက်ကို ဘာဂရုစိုက်ရမှာလဲ၊ လူကြီးသားကွ ဟု ပြောကာ
ဆဲဆိုပြီး နှစ်ယောက်က ကားပေါ် ပြန်တက်၍ ကားကို ဆက်လက် နောက်ဆုတ်ပါတယ်။
မီးမှောင်နေသောကြောင့်
လမ်းကို ဖြတ်သော ကွန်ကရစ်ဖြတ်စက်ကို ကားနောက်ဘက်ဖြင့် တိုက်မိပါတယ်။ လမ်းထဲမှ လူငယ်များ
ထွက်လာပြီး ကားကို ရပ်ခိုင်းသော်လည်း ရပ်မပေးဘဲ နောက်ဘက်ကို ဆက်ဆုတ်ပါတယ်။ လမ်းထိပ်ဘက်အရောက်မှာတော့
ပိတ် ဆို့ထားသော အုန်းတုံးများနှင့် တိုက်မိပြီး ဆက်မောင်းလို့ မရဘဲ ရပ်သွားကာ ကားဘီးမှာ
အောက်မှ ကွန်ကရစ်များ ကာရံထားသော အုန်းတုံး များဖြင့် ညိ၍ မောင်းလို့ မရတော့ပါဘူး။
လူငယ်များမှ ဝိုင်းဝန်းပြီး
တားကာ ကားထဲမှ သော့ကို ဖြုတ်ယူသောအခါမှ ကားကို ရပ်လိုက်ပြီး လမ်းလူကြီးများလည်း ရောက်ရှိလာကာ
လမ်းလူငယ်များ လက်လွန်ခြေလွန်ဖြစ်မည် စိုးသောကြောင့် တားဆီးပြီး ရဲစခန်းသို့ ရာအိမ်မှူးအား
ဖုန်းဆက် အကြောင်းကြားခိုင်းပါတယ်။ ရဲသုံးယောက် ရောက်လာသောအခါ လူကြီးသားဟု အော်သော
အင်္ကျီအဖြူဝတ်ထားသော တစ်ယောက်နှင့် နောက်ထပ် အင်္ကျီအမဲ ဝတ်ထားသော တစ်ယောက်မှာ ထွက်ပြေးသွားပါတယ်။
ကျန်သော ယောင်္ကျားလေး
(၂) ယောက်မှ တစ်ယောက်လည်း ထွက်ပြေးသွားရာ လမ်းသူလမ်းသားများနှင့် ရဲက ဝိုင်းဝန်းဖမ်းဆီးကာ
ကားကိုပါ စစ်ဆေး၍ သော့ပိတ်ပြီး ကားကို ထားခဲ့ပါတယ်။ ရဲစခန်းသို့ တရားခံများကို ခေါ်ဆောင်သွားပါတယ်။
ရဲများမှ လမ်းသားများကို မျက်မြင်သက်သေများ လိုက်လာရနှ် ပြောကြားခဲ့ပါတယ်။
ရဲစခန်းသို့ လမ်းသားများ
ရောက်သောအခါ မြို့နယ်မှူးဆိုသူက ရိုင်းစိုင်းစွာ ပြောဆိုကာ အပေါက်ဝမှနေ၍ ပါလာသူများအား
မင်းတို့ ဘယ်ကကောင်တွေလဲ စခန်းထဲကနေ အခုထွက်သွားကြဟုဆိုကာ မောင်းထုတ်ပါတယ်။
လမ်းဖြစ်မြောက်ရေး ဥက္ကဌ
ဦးထွန်းကြည်အား ရင်ဘတ်ကို ဆောင့်တားထားပြီး မင်းကရော ဘယ်ကလဲ ဘာလုပ်မှာလဲဟု မေးသောကြောင့်
ကျွန်တော် လမ်းဖြစ်မြောက်ရေး ဥက္ကဌဟု ပြောပါတယ်။
ဘေးတွင်ရပ်နေသော ရာအိမ်မှူးကိုလည်း
မင်းက ဘယ်ကလဲ ဘာလုပ်မှာလဲဟု ထပ်မံမေးမြန်းပြီး ငါမြို့နယ်မှူးကွ အပြင်သို့ ထွက်သွားဟု
ရိုင်းပျစွာ အော်ထုတ်ပါသည်။ စခန်းဝန်းအတွင်း ထိုင်နေသော မျက်မြင်သက်သေများကိုလည်း မင်းတို့က
ဘာထိုင်လုပ်နေတာလဲ ငါထွက်သွားလို့ ပြောနေတာ မကြာဘူးလား၊ မင်းတို့ ကို ပြောနေတာ အခုထွက်သွားကြစမ်းဟု
အော်ဟောက်မောင်းထုတ်ပါတယ်။
ဆက်လက်၍ စခန်း အပြင်တွင်
ရပ်နေသောလူများကို လည်း ဒီရှေ့မှာ ရပ်မနေကြနဲ့ ထွက်သွားကြ ဒီရှေ့မှာ ရပ်မနေကြနဲ့ဟု
ဆက်လက်မောင်းထုတ်ပါတယ်။ စခန်းတွင်းသို့ ကြံခိုင်ရေးမှ ရပ်ကွက်စည်းရုံးရေးမှူး ကျော်စိုးနှင့်
ပါတီမှ တစ်ယောက် အပါအဝင်၊ လမ်းမှ နှစ်ယောက်သာ ဝင်ခွင့်ပေးပြီး အမှုတိုင်ခိုင်းပါတယ်။
ကြံခိုင်ရေးပါတီမှ ရပ်စည်း
အားလည်း မင်းက ဘာကို တိုင်မှာလဲဟု မေးသောကြောင့် ကြံခိုင်ရေးအလံတိုင်အား ရိုက်ချိုးသောကြောင့်
တိုင်မှာပါဟု ပြောရာ၊ မင်းတို့က ဘာလို့အလံတွေ ထောင်ထားတာလဲ ဘယ်နှစ်ချောင်း ထောင်ထားလဲဟု
ထပ်မေးပါသည်။ စည်းမှူးမှ လမ်းခင်းရာတွင် ကြံခိုင်ရေးပါတီမှ လှူဒါန်းသောကြောင့် ထောင်ထားကြောင်း
စသဖြင့် အကျိုးသင့် အကြောင်းသင့် ရှင်းပြမှ ဒါဆို တိုင်မည့်သူက မင်းလား ဒါဆို ရေးဟု
ဆိုကာ စာရွက်ထုတ်ပေးပါသည်။
ကြံခိုင်ရေးမှ တိုင်ပြီး လမ်းမှလည်း လမ်းအတွင်း ဆဲဆို ရမ်းကားကာ လမ်းသူလမ်းသားများကို စော်ကား၍ ပစ္စည်းများကို ဖျက်စီးသည်ကို အောက်တွင်သာ ထည့်ရေးရန် ပြောပါသည်။ လမ်းလူကြီးများမှလည်း ထပ်မံ၍ အမှုဖွင့်လိုကြောင်းပြောသော အခါ မင်းတို့က ဘယ်နှစ်မှုဖွင့်မှာလဲ တစ်ခုဘဲဖွင့်လို့ရမယ်ဟု ပြောပါ သည်။
ကြံခိုင်ရေးမှ တိုင်ပြီး လမ်းမှလည်း လမ်းအတွင်း ဆဲဆို ရမ်းကားကာ လမ်းသူလမ်းသားများကို စော်ကား၍ ပစ္စည်းများကို ဖျက်စီးသည်ကို အောက်တွင်သာ ထည့်ရေးရန် ပြောပါသည်။ လမ်းလူကြီးများမှလည်း ထပ်မံ၍ အမှုဖွင့်လိုကြောင်းပြောသော အခါ မင်းတို့က ဘယ်နှစ်မှုဖွင့်မှာလဲ တစ်ခုဘဲဖွင့်လို့ရမယ်ဟု ပြောပါ
ထို့ကြောင့် ရပ်ကွက်စည်းရုံးရေးမှူးမှ
ရေးထားသောစာကို ပြန်ရုတ်သိမ်းပြီး ကြံ့ခိုင်ရေးမှ တာဝန်ရှိသူများနှင့် တိုင်ပင်ပြီးမှ
နောက်တစ်ခေါက်လာမည်ဟု ဆိုကာ လမ်းကိစ္စကိုသာ တိုင်စေခဲ့ပါသည်။ ထိုအခါ ယာယီစခန်းမှူးမှ
မြို့နယ်မှူးအား ဖုန်းဆက်၍ ခေါ်ခဲ့ပါသည်။ မြို့နယ်မှူး ရောက်ရှိလာရာ ဘာမဟုတ်တဲ့ ပုဒ်မသေးသေးလေးကိစ္စနဲ့
ငါ့ကို အိပ်ရေးပျက်အောင် ဖုန်းဆက်ပြီးခေါ်တယ်၊ ငါ မနက် ခရိုင်မှူးနဲ့ တွေ့စရာရှိတယ်ဟု
ဒေါသဖြင့် အော်ငေါက်ပြီး ပြန်သွားခဲ့ပါသည်။ ထို့နောက် အဆိုပါကားအား စခန်းမှ ရဲတစ်ဦးရောက်လာပြီး
လာယူပါသည်။
လမ်းကော်မတီဝင်များက ယခုကိစ္စဟာ ယာဉ်မှုစစ်နဲ့လည်း ဆိုင်၍ ၄င်းတို့ စစ်ဆေးပြီးမှသာ ယူသင့် ကြောင်း ပြောဆိုရာ ရဲမှ ခင်ဗျားတို့ မပေးလည်း မယူဘူးဟုပြော၍၊ လမ်းကော်မတီဝင်များမှ ကျွန်တော်တို့က မပေးဘူး မပြောဘူး၊ စစ်ဆေးပြီးမှ လာယူပါဟု ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲများက ကားကို လာယူခဲ့ပါသည်။ လာရောက်သိမ်းဆည်းသူမှာ ဒုရဲအုပ် ဇော်မင်း ယာဉ်မှုစစ်မှဖြစ်ပြီး ယာဉ်တိုက်မှုပုဒ်မ (၂၇၉) ဖြင့် အရေးယူပေးမည်ဟု သိရပါသည်။ ကားအား (၅၁) လမ်းယာဉ်မှုစစ်ရုံးသို့ ယူဆောင်မသွားဘဲ တာမွေရဲစခန်းအတွင်း၌ ထိန်းသိမ်းထားပါသည်။
လမ်းကော်မတီဝင်များက ယခုကိစ္စဟာ ယာဉ်မှုစစ်နဲ့လည်း ဆိုင်၍ ၄င်းတို့ စစ်ဆေးပြီးမှသာ ယူသင့် ကြောင်း ပြောဆိုရာ ရဲမှ ခင်ဗျားတို့ မပေးလည်း မယူဘူးဟုပြော၍၊ လမ်းကော်မတီဝင်များမှ ကျွန်တော်တို့က မပေးဘူး မပြောဘူး၊ စစ်ဆေးပြီးမှ လာယူပါဟု ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ယာဉ်ထိန်းရဲများက ကားကို လာယူခဲ့ပါသည်။ လာရောက်သိမ်းဆည်းသူမှာ ဒုရဲအုပ် ဇော်မင်း ယာဉ်မှုစစ်မှဖြစ်ပြီး ယာဉ်တိုက်မှုပုဒ်မ (၂၇၉) ဖြင့် အရေးယူပေးမည်ဟု သိရပါသည်။ ကားအား (၅၁) လမ်းယာဉ်မှုစစ်ရုံးသို့ ယူဆောင်မသွားဘဲ တာမွေရဲစခန်းအတွင်း၌ ထိန်းသိမ်းထားပါသည်။
လမ်းအတွင်းမှ အသိသက်သေများကိုမူ
ယခုအချိန်အထိ စစ်မေးခြင်းမပြုသေးပါ။ ထွက်ပြေးလွတ်မြောက်သူနှစ်ဦးကိုလည်း မသိရှိရသေးပါ။
တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၂၉၄/၄၂၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိ ရပါသည်။
ပြည်သူ့လွှတ်တော်အဆင့် သမ္မတအဆင့်တို့မှ တရားဥပဒေစိုးမိုးရေးကို မည်မျှပင် လမ်းညွှန်ပြောကြားစေကာ မူ
အောက်ခြေအဆင့် ရဲဝန်ထမ်းများမှ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပြည်သူလူထုအား ဖိနှိပ်ဆက်ဆံခြင်းများနှင့်
မလျှော်မကန်ပြုမူမှုများ ရှိနေသေးကြောင်း သတင်းပေးပို့ပါသည်။
မူးယစ်ရမ်းကားသော တရားခံများ (ကျန်နှစ်ယောက်အား စုံစမ်းဆဲ)။
၁။ မင်းမင်းဦး (ခ) ဘိုးလူ၊ ယာဉ်မောင်း၊ အဘအမည် - ဦးတင့် ၂၀၃၊ ၃ လွှာ၊ သီရိလမ်း၊ မေတ္တာညွန့်
၂။ ဝင်းသိန်းထွန်း၊ အဘအမည် - ဦးလှမြင့် ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်
၃။ နွယ်နွယ်ဦး၊ အဘအမည် - ဦးလှသိန်း တိုက်(၁၀)၊ အခန်း (၁၀)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့်
၎။ ကေသွယ်ထွန်းဝင်း၊ အဘအမည် - ဦးထွန်းဝင်း ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်
ပြည်သူအား ရိုင်းပြစွာ ဆက်ဆံသောရဲ များ
(တာမွေမြို့နယ် ရဲစခန်း)။
မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ကျော်
ယာယီစခန်းမှူး ဒုရဲအုပ် ရဲနိုင်
ရဲစာရေး အမည်မသိ
ယာဉ်မှုစစ် ဒုရဲအုပ် ဇော်မင်း တို့  ဖြစ်ပါတယ်။
မူးယစ်ရမ်းကားသော တရားခံများ (ကျန်နှစ်ယောက်အား စုံစမ်းဆဲ)။
၁။ မင်းမင်းဦး (ခ) ဘိုးလူ၊ ယာဉ်မောင်း၊ အဘအမည် - ဦးတင့် ၂၀၃၊ ၃ လွှာ၊ သီရိလမ်း၊ မေတ္တာညွန့်
၂။ ဝင်းသိန်းထွန်း၊ အဘအမည် - ဦးလှမြင့် ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်
၃။ နွယ်နွယ်ဦး၊ အဘအမည် - ဦးလှသိန်း တိုက်(၁၀)၊ အခန်း (၁၀)၊ ယုဇနလမ်း၊ မင်္ဂလာတောင်ညွန့်
၎။ ကေသွယ်ထွန်းဝင်း၊ အဘအမည် - ဦးထွန်းဝင်း ၅၈၆၊ အနန္တဂုဏ်ရည်လမ်း၊ မေတ္တာညွန့်
ပြည်သူအား ရိုင်းပြစွာ ဆက်ဆံသောရဲ
မြို့နယ်ရဲမှူး ဒုရဲမှူး ကျော်ကျော်
ယာယီစခန်းမှူး ဒုရဲအုပ် ရဲနိုင်
ရဲစာရေး အမည်မသိ
ယာဉ်မှုစစ် ဒုရဲအုပ် ဇော်မင်း တို့  ဖြစ်ပါတယ်။
No comments:
Post a Comment