OIC ရုံးများ အလိုမရှိကြောင်း သံဃာတော်များ ဆန္ဒဖော်ထုတ်။
မြန်မာနိုင်ငံအနှံ့အပြားတွင် OIC ရုံးများ အလိုမရှိကြောင်း သံဃာတော်များ ဆန္ဒဖော်ထုတ်။
OIC ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်မည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် လမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ မှ စ၍ ရန်ကုန်တွင် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှစတင်ပြီး မြို့တော်ခမ်းမ သို့၎င်း၊ မန္တလေးတွင် အိမ်တော်ရာဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်အင်အား၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏ္ဍားကျွန်းမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့နယ်အနှံ့တွင်၎င်း၊ သံဃာတော်များ ထောင်သောင်းချီလျှက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြပါသည်။
ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသောလူငယ်တွေရဲ့ တက်ကြွတဲ့စိတ်ဓာတ်ကို တွေ့ခဲ့ရတယ်။ ရန်ကုန်မြို့မှာတော့ လမ်းလျှောက်တဲ့လူဦးရေဟာ ရွှေတိဂုံဘုရားမှာပဲ လူတွေက ရှိနေသေးတယ် ရှေ့ဆုံးကလူတွေက ဆူးလေဘုရား၊ မြို့တော်ခမ်းမရှေ့ကို ရောက်နေကြပါပြီ၊ အဲသည်လောက်ကို အရေအတွက်များခဲ့ပါသည်။
မန္တလေး၊ ပခုက္ကူ၊ ရခိုင်ဒေသစသောမြို့များတွင်လည်း သံဃာတွေထောင်ချီလျှက် ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်မှာတော့…….
- မြန်မာနိုင်ငံ စတင်ထူထောင်ခဲ့ချိန် အနော်ရထာမင်းလက်ထက်မှ စတင်၍ ကမ္ဘာ့အလယ်တွင် ထေရဝါဒနိုင်ငံအဖြစ် စံပြရပ်တည်နိုင်ခဲ့သည်။
- ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်။
- မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။
ကန့်ကွက်ရသော အကြောင်းအရင်းများမှာ -
- ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနိဋ္ဌာရုံများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားမှုများ ရှိနေခြင်း။
- လစ်ဗျားနိုင်ငံတွင် အမေရိကန်သံအမတ် Mr. Christopher Stevens လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံအဖွဲ့အစည်းများက မည်သို့မျှ တုံ့ပြန်မှုမရှိခြင်း။
- ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြလျက်ရှိနေခြင်း။
-လက်နက်များ ဖမ်းဆီးရမိသည့်အတွက် လုံခြုံရေးအားနည်းနေကြောင်း ပေါ်လွင်နေခြင်း။
-ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဗုံးပေါက်ခွဲဖျက်ဆီးမည်ကို ဖမ်းဆီးရမိခြင်း၊
ထို့ကြောင့် -
- OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို မြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ (လုံးဝ ) ရုံးစိုက်ခွင့် မပြုပါ။
- ပြည်သူများ၏ သဘောတူညီချက် မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။
- OIC နှင့် ပတ်သက်သော သဘောတူစာချုပ်ကိစ္စ၊ အကြောင်းအရာများ၊ ယာယီရုံဖွင့်လှစ်ရန်အတွက် နိုင်ငံပိုင်မီဒီယာများတွင်ဖြစ်စေ၊ တရားဝင်ပြည်ပမီဒီယာများတွင်ဖြစ်စေ သတင်းစာရှင်းလင်း၍ ပြည်သူများကို အတိအလင်းကြေညာပေးရမည်ဟု ဖော်ပြပါရှိသည်။
မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ (ရန်ကုန်)မှ တောင်းဆိုချက်များအား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
(သတင်း/ဓါတ်ပုံ - လင်းဆက်)။
No comments:
Post a Comment