Tuesday, November 27, 2012

တရုတ်နဲ့  ဦးပိုင် အကျိုးကို အသေအလဲ ကာကွယ်နေတဲ့ သိန်းစိန်တို့  မင်းသားခေါင်းဆောင်းထားတဲ့ ဘီဘူးက အစွယ်ပြန်ထုတ်ပြပြီ။

တရုတ်နဲ့  ဦးပိုင် အကျိုးကို အသေအလဲ ကာကွယ်နေတဲ့ သိန်းစိန်တို့  မင်းသားခေါင်းဆောင်းထားတဲ့ ဘီဘူးက အစွယ်ပြန်ထုတ်ပြပြီ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့် ကွက်ဆန္ဒပြနေကြသော မြန်မာပြည်သူလူထုနဲ့  ရဟန်းသံဃာတော်တွေကို အလေးမထားတဲ့၊ တရုတ်နဲ့  ဦးပိုင်တို့  အကျိုးကို အသေအလဲ ကာကွယ်နေတဲ့ သိန်းစိန်တို့  မင်းသားခေါင်းဆောင်းထားတဲ့ ဘီဘူးက အစွယ်ပြန်ထုတ်တဲ့အနေနဲ့  ပြည်သူလူထုရှေ့ က မားမားမတ်မတ် ရပ်တည်ဦးဆောင်နေတဲ့အထဲက ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုညီညီ (အန်အယ်လ်ဒီ)၊ ကိုရဲလင်း၊ ဦးမျိုးချစ်၊ ကိုဝေလုတို့ ကို ပန်းဘဲတန်းနှင့် ကျောက်တံတား ရဲစခန်းမှာ ဖမ်းဆီးထားခဲ့ပြီး ပုဒ်မ ၁၈ ခွင်ပြုမိန့်မရပဲ စီတန်းလှဲ့လည်မှု ပုဒ်မ ၅၀၅ (ခ) ဆူပူမူ ပုဒ်မတွေ တပ်ပြီး ယနေ့  ၂၇-၁၁-၁၂ ရက် ညနေ ၃နာရီ ၁၀မိနစ်လောက်မှာ အင်းစိန်ထောင်ကို ပို့လိုက်ပြိဖြစ်ကြောင်းသိရပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြောခဲ့တဲ့ သိန်းစိန်ရဲ့ စကားကို တရုတ်ကြီးတွေ ငြိုငြင်သွားတာကို ပြန်ပြီး ချော့တဲ့အနေနဲ့  ဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ပေးပါမယ်လို့  ပြောခဲ့တဲ့ သိန်းစိန်တို့  ကတိစကားကြောင့် အခု မြန်မာပြည်သူလူထုဘက်ကို မငဲ့ညှာဘဲ တရုတ်ကြီး အလိုကျ သိန်းစိန်တို့  ပြန်လည်စတင် မိုက်ရိုင်းပြပါပြီ။

No comments: