Monday, December 3, 2012

ဓါတုမီးလောင်ဒဏ်ခံနေရတဲ့ သံဃာတော်တွေကို “ရာဇ၀တ်မှု လူနာ” တဲ့။

ဓါတုမီးလောင်ဒဏ်ခံနေရတဲ့ သံဃာတော်တွေကို “ရာဇ၀တ်မှု လူနာ” တဲ့။

အာဏာရူးတွေရဲ့  မီးလောင်ဗုံးကြောင့် ဓါတုမီးလောင်ဒဏ်ခံနေရတဲ့ သံဃာတော်တွေကို “ရာဇ၀တ်မှု လူနာ” လို့ တံဆိပ်တုံးတပ်တဲ့ မုံရွာဆေးရုံကို အထူးကန့် ကွက်ရှုတ်ချပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ကြတာကို မီးလောင်တိုက်သွင်းခဲ့တဲ့ သိန်းစိန်တို့ ကိုကြတော့ မပြောရဲရင် ထားပါတော့၊ ရုပ်ပျက်ဆင်းပျက် သေလုမြောပါး မီးလောင်မျု ဒဏ်ခံနေရတဲ့ သံဃာတော်တွေကြတော့ “ရာဇ၀တ်မှု လူနာ” လို့  တံဆိပ်တုံးထု သတ်မှတ်ရဲတဲ့ အဆိုပါ မုံရွာဆေးရုံကို အံ့သြမိပါတယ်။

ဒီလို “ရာဇ၀တ်မှု လူနာ” လို့  တံဆိပ်တုံးထု သတ်မှတ်တာ ဘယ်သူက ခိုင်းလို့ လည်း၊ ဘယ်သူက ဒီတံဆိပ်တုံးကို ထုတာလည်းဆိုတာ ဖြေရှင်းပေးဖို့  ပြောကြားလိုပါတယ်။


No comments: