Sunday, December 9, 2012

သိန်းစိန်ဦးဆောင်သော အုပ်ချူပ်သူအုပ်စု၏ အကြမ်းဖက်လုပ်ရပ်အား သြစတြေးလျနိုင်ငံ မဲဘန်းမြို့ တွင် ကန့် ကွက်ဆန္ဒပြ။

သိန်းစိန်ဦးဆောင်သော အုပ်ချူပ်သူအုပ်စု၏ အကြမ်းဖက်လုပ်ရပ်အား သြစတြေးလျနိုင်ငံ မဲဘန်းမြို့ တွင် ကန့် ကွက်ဆန္ဒပြ။

ယမန်နေ့  ဒီဇင်ဘာလ (၈) ရက်နေ့ တွင် မြန်မာအရေးလှုပ်ရှားသူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်နေကြသော ရဟန်းသံဃာတော်များကို အာဏာပိုင် လက်နက်ကိုင်အင်အားစုများမှ တရားဥပဒေမဲ့ မီးလောင်ဗုံးများသုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် သြစတြေးလျနိုင်ငံ မဲဘန်းမြို့ တွင် သိန်းစိန်ဦးဆောင်သော အုပ်ချူပ်သူအုပ်စုအား ကန့်  ကွက်ဆန္ဒပြပွဲခဲ့ကြကြောင်း သိရှိရပါသည်။



အဆိုပါ ကန့် ကွက်ဆန္ဒပြပွဲတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆန္ဒပြပွဲတွင် ရဟန်းသံဃာတော်များအပေါ် မီးလောင်တိုက်သွင်း အကြမ်းဘက်မှု ကျူးခဲ့ကြသူများ အမိန့် ပေးစေခိုင်းသူများအားလုံးအား ထိရောက်စွာ အရေးယူပေးရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား အကြွင်းမဲ့ အလျင်အမြန် ရပ်တန့် ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးအား ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ လက်ရှိ ပြည်သူ့ အာဏာကို အလိမ်အညာဖွဲ့ စည်းအုပ်ချုပ်ပုံဖြင့် ရယူသိမ်းပိုက်ထားသော သိန်းစိန်နှင့်တစ်ကွ စစ်ဗိုလ်ချူပ်ကြီးများ အစိုးရ၀န်ကြီးများအား သြစတြေးလျနိုင်ငံသို့  ဖိတ်ခေါ်ခြင်း မပြုလုပ်ရန်တို့ ကို ထုတ်ဖေါ်ဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။

(ဓါတ်ပုံ/သတင်း - ကိုဗိုက်ပူ၊ ကိုမောင်မောင်အေး)။

No comments: