Sunday, January 13, 2013

သွေးခွဲနေတဲ့ သူတို့ နဲ့  ပြိုကွဲနေတဲ့ ဒို့ တစ်တွေ။

သွေးခွဲနေတဲ့ သူတို့ နဲ့  ပြိုကွဲနေတဲ့ ဒို့ တစ်တွေ။

ကရင်ကို မက်လုံးပေး

ရခိုင်ကို သွေးခွဲ

မွန်ကို သိမ်းသွင်း

ကယားကို ဖိနှိပ်

ရှမ်းကို ဖြိုလှဲ

ကချင်ကို ချေမှုန်း

သွေးခွဲနေတဲ့ သူတို့ တစ်တွေနဲ့  …..

မဖြိုခင် ပြိုသူကလည်း ပြို

မခိုင်သူကလည်း မခိုင်၊ ယိုင်သူကလည်း ယိုင်နဲ့ ။

ဒီကြားထဲ … အပေါ် အောက် အရှေ့ အနောက်

အသားထဲက ထွက်တဲ့ လောက်တစ်ချို့  လွှတ်တော်တက်ရောက်လို့ နေ၊

အချို့ က လက်ဆွဲနှုတ်ဆက်၊ အချို့ က လည်ပင်းပေါင်းဖက်လို့ နေ၊

ကိုယ့်အသား ကိုယ်ဖဲ့၊ ကိုယ့်သွေး ကိုယ်သောက်

အာဏာရှင်စနစ်ကို ဖောက်ဖောက်ပြန်ပြန်နဲ့  ထောက်ကူပြုလို့ နေ ….

ဒီလို ဒီလို …. ဘုံရန်သူအောက် တစ်ယောက်တစ်ပေါက် ပြားပြားမှောက်နေကြမယ်ဆိုရင်

ဘာတဲ့လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေး

ဘယ်မှာလည်း တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ခိုင်မာလက်တွဲရေး …..

မ၀ပ်ခိုင်းခင်ကတည်းက မှောက်နေတဲ့သူတွေ

မမှောက်ခိုင်းခင်ကတည်းက ၀ပ်နေတဲ့သူတွေ

ဒါနဲ့  ဒါနဲ့  … ဘုံရန်သူဆို။

(နစ်နေမန်း)။

No comments: