Sunday, January 27, 2013

ဒီမှာ လယ်သူတစ်ယောက် ရင်တွင်းက စကားလေး နားထောင်ကြည့်ပါ။

မတရားသောနည်းနဲ့  ချမ်းသာသူတွေ - ကိုယ်ချမ်းသာရင်ပြီးရော ကြည့်တာ ဘို့ သမားတဲ့။ သာမန်ပြည်သူလူထုရဲ့  ဘ၀တွေကို စာနာနားလည်တတ်ရင် လူပီသတာဘဲ။ ဒီမှာ လယ်သူတစ်ယောက် ရင်တွင်းက စကားလေး နားထောင်ကြည့်ပါ။

ဒေါ်ကြည်ကြည်မာ - "ကျမ ဦးခင်ရွှေကို မေးချင်တာ - ကျမက အဘွားနဲ့အတူတူနေတာ ၉၇ မှာ လယ်သိမ်းတော့ လုပ်စားစရာ မရှိတော့ဘူး။ အဲဒါနဲ့လမ်းဘေးမှာ ဈေးရောင်းစားရတယ်။ လမ်းဘေးဈေးရောင်းစားတော့ စည်ပင်က ဖမ်းတော့ ကျမ ကွမ်းယာဆိုင်ကလေးဖြုတ်လိုက်ရတယ်။ အဲဒါနဲ့ ကျမက စားသောက်ဆိုင်မှာ သီချင်းသွားဆိုရတယ်။ ကျမတို့က ကျမတို့ လယ်ကလေးကို ပြန်လိုချင်တယ်။ ကျမတို့ကို ပြန်မပေးရင် ကျမတို့လို စားသောက်ဆိုင်ရောက်သွားတဲ့ မိန်းကလေးတွေ အများကြီး၊ သူ့မှာလည်း ကိုယ်ချင်းစာစိတ်မရှိဘူးလား ကျမတို့မှာ လယ် (၁၃) ဧက ရှိတယ်။

အဲဒီမှာ အဆောက်အဦးတွေ ဆောက်နေပြီ ။ ကျမတို့ လယ်လေး ပြန်ရရင် လယ်ပြန်စိုက်မယ်၊ ကျမတို့ ဘယ်သူ့မှ အောက်ကျခံစရာ မလိုတော့ဘူး။ ကျမ နွားကျောင်းလာတယ်။ ကောက်စိုက် ရတယ်။ စပါးရိတ်ရတယ်။ နေပူတယ်ဆိုပေမဲ့ ကျမ ဗိုလ်ပဲ။ ဘယ်သူ့မှ အောက်ကျမခံရဘူး။ ကျမ စိတ်ထဲမထင်ရင် ပိတ်သလေး ဘေးပြစ် ပြောလို့ရတယ်။ ဆန်ကို အိတ်လိုက်ထောင်စားတယ်၊ အခုများ ရှက်ဖို့တောင် ကောင်းသေးတယ်။ ကြွပ်ကြွပ်အိတ်လေးနဲ့ဆွဲလာရတာ မယ်သီလ ရှင်ဆန်ကျနေတာဘဲ။ သူ့မှာလည်း သမီးရှိတယ် ကျမတို့နဲ့ ရွယ်တူလောက်ဘဲ။ သမီးချင်း ကိုယ်ချင်းစာပေးပါ" ။

(ဒေါ်ကြည်ကြည်မာ)။


No comments: