ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်စဲရန် ပြောကြား။
ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ ရပ်စဲရန် ပြောကြား။
(၆၅) နှစ်မြောက် လွတ်လပ်ရေး နေ့ တွင် တောင်ကြီးမြို့ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့က ကြေငြာချက် တစ်စောင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့မှ ကိုညီညီမိုး၏ ပြောပြချက်အရ သိရှိရပါသည်။
လွတ်လပ်ရေး၏ အနှစ်သာရကို ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသား လူထု တရပ်လုံး အပြည့်အ၀ ရရှိခံစားနိုင်ရန်၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော သိန်းစိန်အစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော စစ်ပွဲများအား ချက်ခြင်းရပ်စဲရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် ပြည်သူလူထု လက်မခံသော ပွင့်လင်းမြင်သာမှု အားနည်းသည့် စီမံကိန်းများနှင့် ပတ်သတ်ပြီး ပြည်သူ့ဆန္ဒအား အလေးထား တန်ဖိုးထားရှိရန် အစရှိသည့် အချက်များအား ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့သည် တောင်ကြီးမြို့တွင်းရှိ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့  အရေးတော်ပုံကြီးကို ဖြတ်သန်းလာခဲ့သည့် ကျောင်းသားခေါင်းဆောင်များ၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊၊ နိုင်ငံရေးစိတ်ပါဝင်စားကြသူများဖြင့် ဖွဲ့စည်းထားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်မူဝါဒကို လက်ကိုင်ထားကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့ မှ ကိုညီညီမိုး က ပြောကြားခဲ့ပါသည်။
(သတင်း/ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း - တောင်ကြီး)။
No comments:
Post a Comment