“ပြည်သူ့ တပ်မတော်” ၊ နောက် “စစ်အစိုးရတပ်”က ပြောင်းသွားတဲ့ “အစိုးရတပ်”။
“ပြည်သူ့ တပ်မတော်”၊ နောက် “စစ်အစိုးရတပ်”က ပြောင်းသွားတဲ့ “အစိုးရတပ်”။
တစ်ချိန်တုန်းက ပြောခဲ့တယ် “နေ၀င်း တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “မဆလ တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “အာဏာရှင် လက်ကိုင်ဒုတ်တပ်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “ပြည်သူ့ သတ်မတော်” ၊ တစ်ချိန်တုန်းက ပြောခဲ့တယ် “ကြံ့ ဖွတ် လက်ပါးစေတပ်”။
ပြည်သူတွေ အားကိုးတဲ့ ပြည်သူ့ တပ်မတော်ဖြစ်စေဖို့  မျှော်လင့်စောင့်စား အားကိုးခဲ့ကြတယ်။ တပ်မတော်တစ်ခုလုံးအပေါ် သိမ်းကြုံးပြောတာတွေ မဖြစ်စေဘဲ မကောင်းသူခေါင်း ခေါက်ဖို့ သာ ကျင့်ခဲ့ကြတယ်။ သိမ်းကြုံးပြောရင် နာရမှာက သိမ်းကြုံးပြောသူတွေကို နာရမှာ မဟုတ်ပါဖူး၊ သိမ်းကြုံးအပြောခံရအောင် ဖြစ်စေတဲ့ ကိုယ့်အတွင်းထဲက မမှန်ကန်သူတွေကို အရင်ဆုံးနာရမှာပါ။ သိမ်းကြုံးးအပြောမခံချင်ရင် မဖြစ်စေချင်ရင် မမှန်ကန်သူတွေကို ပြုပြင်စေဖို့  ပြောင်းလဲစေဖို့  မရရင် ဖယ်ရှားဖို့  လုပ်ရမှာက အရင်ဆုံး ဖြစ်သင့် လုပ်သင့်တဲ့အရာပါ။
ဒီနေ့  ဒီအချိန် အာဏာရှင်တွေအတွက် ဦးစားပေးကာကွယ်နေတယ်၊ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်နေကြတယ်၊ ရဟန်းရှင်လူပြည်သူလူထုကို ညဉ်းပမ်းနှိပ်စက်နေတယ်၊ တိုင်းရင်းသားညီအကိုတွေကို သတ်ဖြတ်နေတယ်။ ဒီဟာတွေ ခေတ်ပြောင်းတိုင်း ပိုဆိုးလို့ နေတယ်၊ အချိန်တိုင်း ပိုတိုးလို့ နေတယ်။ င်္ဒီအတွက် တပ်မတော်ထဲမှာ နိုင်ငံနဲ့  လူမျိုးအပေါ် သစ္စာမရှိသူတွေ များနေကြတယ်။ နီးရာဓါး ကြောက်ရတယ်၊ အခြေအနေ စောင့်ကြည့်နေရတယ်၊ အားလုံးပါရင် ပါမယ် စသဖြင့် ဆင်ခြေတွေအမျိုးမျိုးပြပြီး သေနတ်ကိုင် သူရဲကောင်းခံယူလိုသူတွေ သူရဲဘောကြောင်နေကြတယ်။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ပါမယ်ဆိုတဲ့သူတွေ ကိုယ်ကျိုးအတ္တအတွက် ဦးစားပေးနေကြတယ်။
ယခုတော့ အာဏာရှင်ထိပ်ခေါင်တွေက ဒီလို ပြည်သူ့ အတွက် စစ်ထဲဝင်တဲ့ ပြည်သူ့ အတွက် အသက်ကို စွန့် ရဲပါတယ်ဆိုတဲ့သူ တပ်မတော်သားတွေအပေါ် ရီမောပြီး သုံးလိုက်တဲ့ အသုံးအနှုန်းကတော့ - “နေ၀င်း တပ်” “မဆလ တပ်” “အာဏာရှင် လက်ကိုင်ဒုတ်တပ်” “ပြည်သူ့ သတ်မတော်” “ကြံ့ ဖွတ် လက်ပါးစေတပ်” အားလုံးပေါင်းပြီး “အစိုးရတပ်” လို့  တရားဝင် ပြောလိုက်ပါပြီ။ “မြန်မာ့တပ်မတော်” “ပြည်သူ့ တပ်မတော်” ဆိုတာ “စစ်အစိုးရ” မှ စစ်ယူနီဖောင်းချွတ်ပြရုံနဲ့  “အစိုးရ” တပ် ဖြစ်သွားပါပြီ။ လွှတ်တော်ထဲမှာ စစ်ယူနီဖောင်းချွတ် အာဏာရှင် ဗိုလ်ချူပ်ကြီးဟောင်း လွှတ်တော်ဥက္ကဋ္ဌကြီး သူရ ရွှေမန်းက လက်မှတ်ထိုး ထုတ်ပြန်ကြေညာလိုက်ပြီ။ လာမယ့် မတ်လ (၂၇) ရက်နေ့  (တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ ဆိုပြီး သမိုင်းကို လိုရာ ပြောင်းပြန်ဆွဲသုံးခဲ့တဲ့) မှာ တပ်မတော်နေ့ လား အစိုးရတပ်နေ့ လား ဘယ်ဟာ ပြောရဲပါသလည်း။
အခုတော့ အာဏာရှင် ဗိုလ်ချူပ်ကြီးဟောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အာဏာရှင်အလိုကျ တပ်ဖြစ်နေပြီဆိုတာ အပိုင် ဆွဲပြောလိုက်ပြီ “အစိုးရတပ်” တဲ့။ နာတတ်ရင် နာသင့်တယ်ဆိုတာ သိရင် တပ်မတော်သားတွေ ဆုံးဖြတ်ကြတော့။ ကြာရင် ရွှေမန်းတပ် သိန်းစိန်တပ် မင်းအောင်လှိုင် တပ် ဖြစ်တော့မယ်။
No comments:
Post a Comment