Thursday, January 3, 2013

ဖေ့စ်ဘွတ် (Facebook) အား အသုံးချ၍ စစ်အာဏာရှင်များမှ လုပ်ကြံဖန်တီးနေခြင်းအား သတိပေးခြင်း။

ဖေ့စ်ဘွတ် (Facebook) အား အသုံးချ၍ စစ်အာဏာရှင်များမှ လုပ်ကြံဖန်တီးနေခြင်းအား သတိပေးခြင်း။

စစ်အာဏာရှင်များသည် ယခုအခါတွင် တန်ပြန်ဝါဒဖြန့်  မှိုင်းတိုက်သည့်အနေဖြင့် သတင်းမှားများအား ထုတ်လွှင့်ခြင်းအား နည်းအမျိုးမျိုးဖြင့် မရိုးသားစွာ ဆောင်ရွက်နေပါသည်။

ဖေ့စ်ဘွတ်သုံးစွဲသူများ၏ အကောင့်များအား ၀င်ရောက်ထိုးဖောက်ခိုးယူခြင်း၊ အင်တာနက်သတင်းစာမျက်နာ ဆင်တူယိုးမှားအမည်များ ဖေ့စ်ဘွတ်သုံးစွဲသူများ၏ ဆင်တူအမည်များဖြင့် သတင်းမှားများအား လုပ်ကြံရေးသားလျက် ရှိပါသည်။

ထိုသို့  မရိုးသားသော ဆင်တူယိုးမှားပြုလုပ်နေသည့် အာဏာရှင်တို့ ၏ ဖေ့စ်ဘွတ်သတင်းစာမျက်နာများထဲမှ တစ်ခုသည် “Kachin Daily News” စာမျက်နာသည် ကချင်ပြည်သူလူထုနှင့် အခြားသော တိုင်းရင်းသားလူမျိုးများအကြား သွေးခွဲလုပ်ကြံနေသော သတင်းမှားများ ဖေါ်ပြလျက် ရှိသည့် အာဏာရှင်တို့ ၏ ဆိုဒ်တစ်ခုဖြစ်ကြောင်း သတိပေးအပ်ပါသည်။



ဖေ့စ်ဘွတ်သုံးစွဲသူများအနေဖြင့် သတိကြီးစွာ ကြည့်ရှူ၍ အစစ်အတု ခွဲခြားမြင်ပြီး အလွယ်တကူ Like လုပ်ခြင်း၊ Comment ရေးခြင်း၊ ရေးသားချက်များအား သတင်းမှန်ဟု ထင်မြင်မိခြင်း၊ မရိုးသားသော ဖိတ်ခေါ်ခြင်း၊ မူမမှန်သော ဓါတ်ပုံများ ဗွီဒီယိုဖိုင်များအား ဖွင့်ကြည့်မိခြင်း အစရှိသည်တို့ ကို ရှောင်ရှားနိုင်ကြစေရန် သတိပေးအပ်ပါသည်။ ထို့ အတူ ဖေ့စ်ဘွတ်တွင်သာမက အခြားသော ဖိုရမ်များ သတင်းစာမျက်နာများတွင်လည်း စစ်အာဏာရှင်တို့ ၏ လှုပ်ရှားမှု သတင်းအသားပေးဖေါ်ပြမှုနှင့် အခြားသော သတင်းမှားများဖန်တီးမှုကို လုပ်ဆောင်လျက် ရှိပါသည်။

ဤကဲ့သို့  စစ်အာဏာရှင်များမှ အမည်ဆင်တူရိုးမှားများဖြင့် အယောင်ဆောင် ရေးသားခြင်း၊ သတင်းမှားများ ဖန်တီးဖေါ်ပြခြင်း၊ ပြည်သူလူထု၏ အင်တာနက်အကောင့်များသို့  ခိုးဝင်ထိုးဖောက်ခြင်းတို့ သည် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်။

No comments: