Thursday, February 14, 2013

ဗကသများအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးသွေးသစ်လူငယ်များ၏ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ။

ဗကသများအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးသွေးသစ်လူငယ်များ၏ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးသွေးသစ်လူငယ်များ (စမ်းချောင်း) တို့ ပူးပေါင်းကျင်းပသော ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ကျောင်းတိုက်ရှေ့တွင် (၁၁.၂.၂၀၁၃) ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။


ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေဟောပြောပွဲသို့ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကျောင်းသူကျောင်းသားများနှင့် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသား/သူများ စုပေါင်း၍ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ကျောင်းသားသမဂ္ဂသီချင်းနှင့် သွေးသစ္စာသီချင်းများကို သီဆို၍ စာပေဟောပြောပွဲကို စတင်ဖွင့်လှစ်ခဲ့ကြပါသည်။


အဆိုပါအခမ်းအနားတွင် ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကိုမှ စာပေဟောပြောပွဲ စတင်ကျင်းပဖြစ်ပုံအကြောင်းကို ပြောကြားခဲ့ပြီး၊ ဗကသများအဖွဲ့ချုပ် တိုင်းရင်းသားရေးရာကော်မတီမှ ကိုနန္ဒာစစ်အောင်က (၂၀၁၃) ခုနှစ် (၆၆) နှစ်မြောက်ပြည်ထောင်စုနေ့သို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သောသ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။




ထို့ပြင် ငြိမ်းချမ်းရေးသွေးသစ်လူငယ်များကိုယ်စား ကိုထက်ခိုင်မှ အမှာစကားပြောကြားပြီး၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်မှ ပေးပို့သော သ၀ဏ်လွှာကို ငြိမ်းချမ်းရေးသွေးသစ်လူငယ် (စမ်းချောင်း) မှ ကိုငြိမ်းချမ်းအောင်မှ ဖတ်ကြားတင်ပြခဲ့ကြပါသည်။


ပြီးနောက် ဆရာမကြီး ဒေါ်ခင်ဆွေဦးမှ ဗကသများအဖွဲ့ချုပ်တွင် ကျောင်းသားဘ၀က ပါဝင်ခဲ့ပုံများအကြောင်း ဟောပြောခဲ့ပြီး၊ ဆရာဝင်းထွဋ်ဇော်မှ ဆက်လက်ဟောပြောခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် ကဗျာဆရာမိုးဝေမှ ဟောပြောခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့ပါသည်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။

No comments: