Friday, February 8, 2013

မီးလောင်ရင် မီးသတ်ကားတွေမှာ ရေမပါလာတာ ယခုထိ ဖြစ်နေတုန်း၊ ဒီလိုကိစ္စမျိုးတွေကို လွှတ်တော်မှာ မဆွေးနွေး မပြောဆို မဖြေရှင်းကြဖူးလား။

မီးလောင်ရင် မီးသတ်ကားတွေမှာ ရေမပါလာတာ ယခုထိ ဖြစ်နေတုန်း၊ ဒီလိုကိစ္စမျိုးတွေကို လွှတ်တော်မှာ မဆွေးနွေး မပြောဆို မဖြေရှင်းကြဖူးလား။

ဖေဖော်ဝါရီ (၆) ရက်နေ့ ၊ နေ့လည် ၃း၁၀ မိနစ်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြို့မ သုံးထပ်ဈေးကြီးတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်ပွားပုံမှာ ဇန်န၀ါရီ (၄) ရက်နေ့က စတင်ဖွင့်လှစ်ထားသည့် သုံးထပ်တိုက် အပေါ်ဆုံးတိုက်ရှိ မြတ် ဈေးဝယ်စင်တာ (ယခင် ကျောက်ဝိုင်နေရာဟောင်း) တွင် ဆိုင်ဖွင့်ရောင်းချရန် ပြင်ဆင်နေသည့် အထည်ဆိုင်မှ ၀ရိန်ဆော်ရာမှ ထွက်ရှိလာသည့် မီးစ ၊မီးပွားများ အနီးရှိ တာပင်တိုင် ပုံးတွင်းသို့လွင့်စင်ရာမှ မီးထလောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်ဖြစ်သူက ပြောပါသည်။

ဈေးဝယ်စင်တာသည် ဈေးအပေါ်ဆုံးထပ်တွင် တည်ရှိကြောင်း၊ မီးလောင်မှုဖြစ်ပွားသည်ကို သိလျင်သိခြင်း အခြားဆိုင်ခန်းမှ ဈေးသူ၊ဈေးသားများက လန့်ပြီး အောက်ထပ်ဆင်းရန် လှေကားမှ အလုအယှက် ဆင်းကြသည့်အတွက် ညပ်ပိတ်မှုများရှိကြောင်း မျက်မြင်ဆိုင်ခန်းပိုင်ရှင်များက ဆိုပါသည်။

အဲကွန်းဖွင့်ထားခြင်း၊ မှန်ကာဆိုင်ခန်းများဖြစ်ခြင်း ဖြစ်သည့်အတွက် မီးခိုးများ အပြင်ဘက်သို့မထွက်နိုင်ကြောင်း၊ ပြတင်းမှန်များ ၊မျက်နှာကျက်ဘေးရှိ မှန်များ ရိုက်ခွဲခဲ့ရကြောင်း ဈေးမိဈေးဖ အဖွဲ့ဝင်များက ပြောပါသည်။



မီးလောင်ကျွမ်းမှု ဖြစ်ဖြစ်ခြင်း မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်ခဲ့ကြောင်း ၊ မီးသတ်ကား ရောက်ရှိလာသော်လည်း ရေပါမလာကြောင်း၊ ရေမပါလာသဖြင့် ဈေးမီးသတ်ရေလှောင်ကန်မှ ရေများဖြည့်ရာ ၁၅မိနစ်နှင့်လည်း ရေမပြည့်လာ၊ နာရီဝက်ဖြင့်လည်း ရေမပြည့်လာ အချိန်အတော်ကြာကြောင်း၊ မီးသတ်ကား ၀င်ရောက်လာရာ လမ်းတလျှောက်တွင်လည်း ပြန်ကျဈေးသည်များဖြင့် ပိတ်နေသဖြင့် ခက်ခက်ခဲခဲ အချိန်ယူ ၀င်ရောက်ရကြောင်း၊ မီးသတ်ရေလှောင်ကန်အနီးတွင်ပင် ပြန်ကျဈေးဆိုင်ခန်းများ ပြည့်နေကြောင်း၊ စည်ပင်မှ ခွင့်ပြုပေးထားသည့်အတွက် မိမိတို့ အနေဖြင့် ဘာမှမပြောလိုကြောင်း ၊သို့သော်လည်း စနစ်တကျ ဖြစ်သင့်ကြောင်း ၊ မီါး်လောင်ရာနေရာသည် ဈေးအပေါ်ဆုံးထပ်ဖြစ်နေသည့်အတွက် မီးသတ်ကား မတက်နိုင်ကြောင်း၊ တက်ရန်လှေကားလည်း မီးသတ်ကားတွင် မပါလာကြောင်း မျက်မြင် ဈေးမိဈေးဖ အဖွဲ့ဝင်များက ပြောပါသည်။

လောင်ကျွမ်းချိန် မိနစ် ၂၀ခန့်သာ ကြာမြင့်ကြောင်း ၊ မှန်လုံခန်းများဖြစ်နေသည့်အတွက် မီးခိုးများအူနေကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဈေးသူ၊ဈေးသားများက ပြောပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်ဦးစီးဌာနသို့မေးမြန်းရာ ပျက်စီးမှု စုစုပေါင်း တန်ဖိုး ကျပ်သုံးသောင်းသာရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်အား တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းမှ ၀ရီန်ဆော်သူ ကိုရဲထွန်းနိုင်အား (ပ) ၃၃/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

(သတင်း/ဓါတ်ပုံ ဂျွန်ချစ်ငြိမ်း - တောင်ကြီး)။

No comments: