Friday, February 1, 2013

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အပတ်စဉ် စာဖတ်ဝိုင်း။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အပတ်စဉ် စာဖတ်ဝိုင်း။

ဇန်န၀ါရီလ (၃၁) ရက်၊ ကြာသပတေးနေ့ နေ့လည် (၂) နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အပတ်စဉ် စာဖတ်ဝိုင်းကို “ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေတဲ့ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်”ခေါင်းစဉ်ဖြင့် Bangkok Post သတင်းစာပါ ဆောင်းပါးတစ်ပုဒ်အား ဆွေးနွေးခဲ့ကြပါသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ တက်ရောက်ပါဝင် ဆွေးနွေးသူ ကျောင်းသားကျောင်းသူ (၁၅) ဦးမှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂမှလည်း ကိုအောင်ထက်နှင့် ကိုအောင်ရဲဂေါင်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

လူတစ်ဦးချင်းစီ၏ အမြင်မတူသော အယူအဆများကို လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများက ငြိမ်းချမ်းရေး၏ သဘောကို ကိုယ်ပိုင်အမြင်များဖြင့် တင်ပြခဲ့ကြပါသည်။

(သတင်း/ဓါတ်ပုံ - လွင်ပြင်)။




No comments: