ဓါတ်ပုံမှားယွင်းဖေါ်ပြမှုအတွက် The Voice Weekly သတင်းဂျာနယ်အနေဖြင့် အလျင်အမြန် ပြန်လည်တောင်းပန်ဖြေရှင်းပါရန် တောင်းဆိုအပ်ပါသည်။
The Voice Weekly သတင်းဂျာနယ်မှ ဓါတ်ပုံမှားယွင်းစွာ ဖေါ်ပြထားမှုသည် ရေးသားတင်ပြမှုနှင့် လုံးဝ အလျဉ်းမပတ်သက်သောသူများ၏ ဂုဏ်သိက္ခာအား ထိခိုက်စေပါသဖြင့် တောင်းပန်ဖြေရှင်းရန် တောင်းဆိုခြင်း။
The Voice Weekly သတင်းဂျာနယ်၏ ဖေဖေါ်ဝါရီလ (၅) ရက်နေ့ ပါ - "ရွှေ" မလေးတွေ ပြည့်တန်ဆာလုပ်နေတဲ့အိမ်များ (အထူးဆောင်းပါး) - တွင် ဖေါ်ပြထားသော ဓါတ်ပုံသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ တွင် နှစ်ပေါင်းကြာရှည်စွာ နေထိုင်လျက်ရှိသော ဘလော့ဂါတစ်ဦးဖြစ်သူ ငယ်နိုင်တို့  ညီအမနှစ်ဦး၏ ဓါတ်ပုံအား ဆောင်းပါးနှင့် လုံးဝသက်ဆိုင်မှု မရှိဘဲ လွဲမှားစွာ ဖေါ်ပြအသုံးပြုထားကြောင်း တွေ့ ရှိရပါသည်။
The Voice Weekly သတင်းဂျာနယ်မှ မသက်ဆိုင်သူများ၏ ဓါတ်ပုံအား လွဲမှားစွာအသုံးပြုပြီး ရေးသားထားသော ဆောင်းပါးအား - https://www.facebook.com/photo.php?fbid=532862840067313&set=a.164790403541227.32157.158797964140471&type=1&theater တွင် ဖတ်ရှူနိုင်ပါသည်။
ယခုကဲ့သို့ မှားယွင်းမှုအား The Voice Weekly သတင်းဂျာနယ်အနေဖြင့် အလျင်အမြန် ပြန်လည်တောင်းပန်ဖြေရှင်းပါရန် တောင်းဆိုအပ်ပါသည်။
No comments:
Post a Comment