အင်းလေးဒေသမှာလည်း မြေယာတွေ မတရား အဖျက်ခံနေရတယ်။
အင်းလေးဒေသမှာလည်း မြေယာတွေ မတရား အဖျက်ခံနေရတယ်။
အင်းလေးဒေသဟော်တယ်ဇုံ မြေပြုပြင်နေသော ကုမ္ပဏီနင့် အဖွဲ့အစည်းများကို အင်းတိုင်းရင်းသားတောင်သူများ တိုင်ကြားကြကြောင်း သိရှိရပါသည်။
ယမန်နေ့ ညနေ ၃နာရီတွင် အင်းလေးဒေသ ဟော်တယ်ဇုံလုပ်ငန်း လုပ်ဆောင်နေသော ကန်ပဲ့ကျေးရွာနှင့် အင်ကြင်းကုန်းကျေးရွာမှ အင်းတိုင်းရင်းသားတောင်သူ (၂၀၆) ဦးမှ မိမိတို့ လယ်ယာမြေအတွင်း စက်ယန္တရားများဖြင့် ထိုးဖျက်နေခြင်းအား ရပ်ဆိုင်းပေးရန် တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမူး ဦးကောင်းစံဦးထံ လက်မှတ်ရေးထိုး တင်ပြကြောင်း သတင်းရရှိပါသည်။
တောင်သူများအနေဖြင့် မိဘဘိုးဘွားလက်ထက်မှ မြေခွန်ဆောင်ပြီး စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း မြေသိမ်းအက်ဥပဒေအရ အကြောင်းကြားခြင်း မရှိကြောင်း၊ မြေသိမ်းအက်ဥဒေနှင့်အညီ နစ်နာကြေး လျှော်ကြေးညှိနှိုင်းပေးခဲ့ခြင်း မရှိကြောင်း နိင်ငံတော်သမ္မတကြီး၏ ညွှန်ကြားချက်နှင့် အညီ အမျိုးသားစီမံကိန်း မဟုတ်ပါက စိုက်ပျိုးနေသော လယ်မြေများကို သိမ်းဆည်းခြင်း မပြုရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိကြောင်း လယ်ယာမြေတွင် လက်ရှိစိုက်ပျိုးနေသော တောင်သူများအား ၁၉၅၃ခု နှစ် လယ်ယာမြေနိင်ငံပိုင်သိမ်းဆည်းရေးအက်ဥပဒေအရသော်လည်းကောင်း၊ ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် (၁၁) အရ ညှိနှိုင်းသဘောတူ လျှော်ကြေး နှစ်နာကြေးပေးခဲ့ခြင်း မရှိကြောင်း တင်ပြခဲ့သည်ဟု သိရှိရသည်။
မိမိတို့အနေဖြင့် ဥပဒေလမ်းကြောင်းအတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အခုလို စာတင်ပြသည့်အတွက် နိင်ငံတော်မှ အင်းတိုင်းရင်းသားတောင်သူများအတွက် တစုံတရာဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း ကန်ပဲ့ကျေးရွာမှ ကိုအောင်ကျော်မျိုးနှင့် ကိုသားကြီးတို့ မှ ပြောကြားပါသည်။
အဆိုပါ အင်းလေးဒေသဟော်တယ်ဇုံ လုပ်ငန်းအား ၂၀၁၂ ခုနှစ် နိဝင်ဘာ ၁ ရက် နေ့တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားပါသည်။
(သတင်း/ဓါတ်ပုံ - စိုင်းလျံ)။
No comments:
Post a Comment