Saturday, March 16, 2013

သိန်းစိန်ရဲ့  သြစတြေးလျနိုင်ငံ ခရီးစဉ်ဖြစ်တဲ့ မတ်လ (၁၈) ရက်နေ့ မှာ သိန်းစိန်အား သြစတြေးလျနိုင်ငံ မြို့ ကြီး (၄) မြို့ မှ မြန်မာပြည်သူပြည်သားများက ကန့် ကွက်ဆန္ဒပြကြမည်။

သိန်းစိန်ရဲ့  သြစတြေးလျနိုင်ငံ ခရီးစဉ်ဖြစ်တဲ့ မတ်လ (၁၈) ရက်နေ့ မှာ သိန်းစိန်အား သြစတြေးလျနိုင်ငံ မြို့ ကြီး (၄) မြို့ မှ မြန်မာပြည်သူပြည်သားများက ကန့် ကွက်ဆန္ဒပြကြမည်။


သိန်းစိန်ရဲ့  သြစတြေးလျနိုင်ငံ ခရီးစဉ်ဖြစ်တဲ့ မတ်လ (၁၈) ရက်နေ့ မှာ သိန်းစိန်အား သြစတြေးလျနိုင်ငံ မြို့ ကြီး (၄) မြို့ ဖြစ်တဲ့ ဆစ်ဒနီမြို့  မဲလ်ဘန်းမြို့  ဘရစ်ဘိန်းမြို့ နှင့် ကင်ဘာရာမြို့ ကြီးများမှ မြန်မာပြည်သူပြည်သားများက ကန့် ကွက်ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဒေသအပါအ၀င် မြန်မာပြည်အရပ်ရပ်တွင် လူ့ အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ မတရားသော ဥပဒေများ တည်ရှိနေဆဲဖြစ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အတွင်း၌ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ခြင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အာဏာရှင်စနစ်ရှင်သန်မှုကို ပံ့ပိုးပေးနေသည့် ပြဌာန်းချက်များ ပါရှိနေဆဲ ဖြစ်ခြင်း၊ လက်ပန်တောင်းတောင် ဆန္ဒပြမှုတွင် ရဟန်းသံဃာတော်များနှင့် ပြည်သူပြည်သားများအား မီးလောင်ဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့် တရားခံများအား ဖေါ်ထုတ်အရေးယူမှု မရှိသေးခြင်း၊ မအူပင်မြို့ တွင် အစိုးရလက်နက်ကိုင်အင်အားစုများမှ ပြည်သူလူထုအပေါ် အကြမ်းဘက်စော်ကားခဲ့မှုအား အရေးယူမှုမရှိသေးခြင်း - အစရှိသည့် အကြောင်းအရာဖြစ်ပျက်မှုများကြောင့် သိန်းစိန်အား ကန့် ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သိန်းစိန်နှင့် အဖွဲ့ အား သြစတြေးလျနိုင်ငံ ဘုရင်ခံချူပ်၊ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များမှ ဂုဏ်ပြုတပ်ဖွဲ့ နှင့် ကြိုဆိုကာ နံနက်စာ တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းနှင့် သြစတြေးလျနိုင်ငံအစိုးရမှ အဆိုပါ သိန်းစိန်နှင့် အဖွဲ့ အား ဖိတ်ခေါ်မှုအား သြစတြေးလျနိုင်ငံရှိ လူ့ အခွင့်အရေးအဖွဲ့ အစည်းများ၊ သြစတြေးလျနိုင်ငံသားများအပါအ၀င် မြန်မာနိုင်ငံအရေး လှုပ်ရှားကြသူများမှ ရှုတ်ချပြောဆိုကြကြောင်း သိရှိရပါသည်။

No comments: