သြစတြေးလျနိုင်ငံကို သွားရောက်မယ့် သိန်းစိန်ရဲ့ ခရီးစဉ်ကို မြန်မာပြည်သူလူထု မသိရပေမယ့် နိုင်ငံရပ်ခြား သတင်းတွေက သိရတယ်ဆိုတော့။
သြစတြေးလျနိုင်ငံကို သွားရောက်မယ့် သိန်းစိန်ရဲ့ ခရီးစဉ်ကို မြန်မာပြည်သူလူထု မသိရပေမယ့် နိုင်ငံရပ်ခြား သတင်းတွေက သိရတယ်ဆိုတော့။
သြစတြေးလျနိုင်ငံကို သွားရောက်မယ့် သိန်းစိန်ရဲ့ ခရီးစဉ်ကို မြန်မာပြည်သူလူထု မသိရပေမယ့် နိုင်ငံရပ်ခြား သတင်းတွေက ဖေါ်ပြမှ သိရပါတယ်။ သြစတြေးလျနိုင်ငံ မီဒီယာတွေ မဖေါ်ပြခင်ကတည်းက သိန်းစိန်ရဲ့  သြစတြေးလျခရီးစဉ်ကို ဖုံးကွယ်ထားပေမယ့် သိန်းစိန်ရဲ့  အတွင်း နီးစပ်ရာက တစ်ဆင့် သိရတယ်ဆိုကတည်းက သိန်းစိန်ရဲ့  အတွင်းရေးနဲ့  ပြည်သူလူထုအပေါ် ဟန်ဆောင်လိမ်ညာမှုတွေ အများသိရှိနေကြတာက သက်သေပြနေပါတယ်။
သိန်းစိန်တစ်ယောက် သြစတြေးလျနိုင်ငံကို လာမယ့် ရှေ့ အပါတ် မတ်လ (၁၇) ရက်နေ့ ကနေ (၂၀) ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ မြို့ တော်ဖြစ်တဲ့ ကင်ဘာရာမြို့ ကို မတ်လ (၁၈) ရက်နေ့ မှာ သွားရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ ရဲ့  အလေးပြုခြင်းကို ခံယူမှာလို့  သိရှိရပါတယ်။
အာဏာရှင် ဗိုလ်ချူပ်ကြီး နအဖ၀န်ကြီးချူပ်ဟောင်းဖြစ်ခဲ့တဲ့ သိန်းစိန်ရဲ့  အရပ်ဝတ်လဲမှုကို မယုံကြည်တဲ့ သြစတြေးလျနိုင်ငံက Burma Campaign Australia က ပြောတာကတော့ - သိန်းစိန်ကို သြစတြေးလျနိုင်ငံသို့  ဖိတ်ခေါ်ခြင်းဟာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို အလေးထားဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်ကြိုးပမ်းမှုတွေကို တန်ဖိုးမဲ့စွာ ရပ်ဆိုင်းစေသလို ဖြစ်နေတယ်လို့  သုံးသပ်ပါတယ်။
သြစတြေးလျနိုင်ငံ အစိုးရရဲ့ မယုံကြည်လောက်အောင် ပြောင်းလဲသွားတဲ့ မူဝါဒကို စိတ်ပျက်မိပါကြောင်းကို အဆိုပါ Burma Campaign Australia အဖွဲ့ ရဲ့  ပြောရေးဆိုခွင့်ရှိသူ Zetty Brake က ပြောကြားလိုက်ကြောင်း သိရှိရပါတယ်။
No comments:
Post a Comment