အပြောတွေက - ဧပြီလ (၁) ရက်နေ့  - April Fool လိုတော့ မဖြစ်ပါစေနဲ့ ။
အပြောတွေက - ဧပြီလ (၁) ရက်နေ့  - April Fool လိုတော့ မဖြစ်ပါစေနဲ့ ။
အလုပ်သမား တောင်သူလယ်သမားတွေ ဘ၀တိုးတက်မြင့်မားရေးဆိုတာတင်မက အလုပ်သမား တောင်သူဘယ်သမားတွေရဲ့  ဘ၀အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ လည်း လိုပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့  တရားဥပဒေစိုးမိုးရေးဆိုတာမှာ သမ္မတကအစပြုပြီး သာမန်ပြည်သူပြည်သားတစ်ယောက်ချင်းစီအထိ တစ်ဦးချင်းမကျန် လိုက်နာစောင့်ထိန်းဖို့ လိုပါတယ်။ တိုင်းပြည်ကို အုပ်ချူပ်နေကြတဲ့သူတွေနဲ့  လက်နက်ကိုင်အင်အားတပ်ဖွဲ့ တွေ၊ စီးပွားရေးသမားကြီးတွေ၊ အခွင့်ထူးခံ လူတန်းစားလွှာတွေလည်းဘဲ မိမိတို့ ကိုယ်တိုင်က ထင်ရာစိုင်းပြီး ဥပဒေမဲ့စွာ အကြမ်းဘက်ဆန်ဆန် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ လည်း လိုပါတယ်။
မတ်လ (၂၇) ရက်နေ့ ဟာ တပ်မတော်နေ့ လို့  ပြောဆိုသုံးစွဲနေတဲ့ သမ္မတကိုယ်တိုင်က ပြောနေတဲ့စကားထဲမှာ ဖက်ဆစ်တော်လှန်ရေးကို ပြည်သူများနှင့်အတူ အောင်မြင်စွာဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သမိုင်းအစစ်အမှန်ကို သိတယ်ဆိုရင် မတ်လ (၂၇) ရက်နေ့ ဆိုတာ မူရင်းသတ်မှတ်ချက်ဖြစ်တဲ့ တော်လှန်ရေးနေ့ ဆိုတဲ့ အသုံးအနှုန်းကို ပြန်လည်ပြောင်းလဲသုံးစွဲပေးဖို့  လိုပါတယ်။
ပြောကြားချက်ပါအတိုင်း မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ စွာနဲ့  ပျော်ပျော်ရွှင်ရွှင်ဆင်နွဲနိုင်ကြပါစေ၊ အေးချမ်းသာယာသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းရင် ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို မျှတစစ်မှန်တဲ့ တရားဥပဒေအတိုင်း ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့  လိုပါတယ်။ တစ်တိုင်းပြည်လုံး အေးချမ်းသာယာအောင် စစ်ပွဲတွေ အလျဉ်းရပ်တန့် ဖို့  လိုပါတယ်။
မတရားဖမ်းဆီးမှုတွေ စစ်ဆေးမေးမြန်းချုပ်နှောင်မှုတွေ မလုပ်ဆောင်ဖို့  လိုပါတယ်။ အပေါ်ယံကြော မဟုတ်တဲ့ ငြိမ်းချမ်းရေးတွေကို အလျှင်အမြန် တည်ဆောက်ဖို့  လိုပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကို လက်တွေ့ ကျကျ မှန်မှန်ကန်ကန် မလုပ်ဆောင်ရင်တော့ သမ္မတ သိန်းစိန်ရဲ့  ပြောကြားချက်တွေဟာ ယနေ့ ကျရောက်တဲ့ ဧပြီလ (၁) ရက်နေ့  April Fool လို ဖြစ်သွားမှာမို့  April Fool လိုတော့ မဖြစ်ပါစေနဲ့ လို့  ပြောကြားလိုပါတယ်။
No comments:
Post a Comment