Friday, April 5, 2013

သူများတွေ လစာထဲက အချို့ ကို အဓမ္မဖြတ်တောက်ယူတဲ့ မြို့ နယ်အုပ်ချူပ်ရေးမှူး။

သူများတွေ လစာထဲက အချို့ ကို အဓမ္မဖြတ်တောက်ယူတဲ့ မြို့ နယ်အုပ်ချူပ်ရေးမှူး။


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးသည် အသစ်ရွေးချယ်ထားသော ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၄၀) ကျော်ထံမှ လစာများကို အပြည့်မပေးပဲ သင်္ကြန်အတွက်ဟုဆိုကာ တစ်ဦးချင်းထံမှ (၁၅၀၀၀) ကျပ်စီ အတင်းအဓမ္မကောက်ခံလျက် ရှိကြောင်း သိရှိရပါသည်။

"ကျွန်တော်တို့ကို မတ်လ (၃၁) ရက်နေ့က လခထုတ်ပေးတော့ (၁၅၀၀၀) ကျပ်စီကို သင်္ကြန်အတွက်ဆိုပြီး အဓမ္မဖြတ်လိုက်တယ်။ လစာက (၇၅၀၀၀) ကျပ်ထဲရတာကို ဒီလို ကျွန်တော်တို့ရဲ့သဘောဆန္ဒမပါပဲ အတင်းကောက်ခံတာကို မကျေနပ်ဘူး။ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရလို့ ပြောနေချိန်၊ အခုလို ၀န်ထမ်းအချင်းချင်း ခေါင်းပုံဖြတ်တာတော့ လက်မခံနိုင်စရာပဲ" ဟု အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောဆိုပါသည်။

ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်မှ မတ်လ (၃၁) ရက်နေ့ လစာထုတ်ပေးစဉ် အခုလို ခေါင်းပုံဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(သတင်း - ရွှေထားဝယ်သား)။

No comments: