Saturday, April 27, 2013

ငွေကြေးပြန်လျော်ပေးရုံနဲ့  ကြေအေးလို့ ရတယ် အမှုပိတ်လို့ ရတယ် တောင်းပန်ရုံနဲ့ ရတယ် အလွယ်တကူပြီးသွားလို့ ရတယ် ဥပဒေကို ဒီလိုပုံစံနဲ့  ရှောင်လွဲလို့ ရတယ်ဆိုရင် ပြောပါ။

သာမန်ပြည်သူပြည်သားတစ်ယောက်ကို ငွေရှိသူ အာဏာရှိသူက ကိုယ်ထိလက်ရောက်စော်ကားတဲ့ အနိမ့်ဆုံးအဆင့် ပါးရိုက်တာကို ငွေကြေးပြန်လျော်ပေးရုံနဲ့  ကြေအေးလို့ ရတယ် အမှုပိတ်လို့ ရတယ် တောင်းပန်ရုံနဲ့ ရတယ် အလွယ်တကူပြီးသွားလို့ ရတယ် ဥပဒေကို ဒီလိုပုံစံနဲ့  ရှောင်လွဲလို့ ရတယ်ဆိုရင် ပြောပါ၊ ဘယ်လောက် ငွေကြေးလျော်ပေးရသလည်းဆိုတာ၊

ကျွန်တော်တို့  ပြည်သူပြည်သားတွေဘက်က လျော်ပေးဖို့  တောင်းပန်ပေးဖို့  အဆင်သင့်ပါ၊ အဲ့ဒီ ငွေကြေးရှိသူတွေ အာဏာရှိသူတွေ အဆင့်သင့် တန်းစီထားပေးပါ။

 နောက် ဆက်စပ်ပြီး သတိကြိုပေးထားတာပါ၊ ဒီလို အာဏာရှင်တွေရဲ့  သားသမီးတွေနဲ့ လက်ပွန်းတနီး ဖားယားပြီး ပေါင်းနေကြတဲ့၊ ပြည်သူလူထုအကျိုးစီးပွားဘက် လှည့်မကြည့်ကြတဲ့ အနုပညာခုတုံးလုပ် ခေတ်အဆက်ဆက် တောက်လျှောက် ဖားယားနေကြတဲ့သူတွေလည်း သတိကြပ်ကြပ်ထားပါ၊ ပြည်သူလူထုက ဒဏ်ခတ်မှာ နီးနေပါပြီ။

No comments: