အတိတ်ကို သင်ခန်းစာယူခြင်း (သို့ ) အာဏာရှင်တို့  သင်ခန်းစာယူခြင်း။
အတိတ်ကို သင်ခန်းစာယူခြင်း (သို့ ) အာဏာရှင်တို့  သင်ခန်းစာယူခြင်း။
အာဏာရှင်ကြီး နေ၀င်းလက်ထက် မြန်မာပြည်သူပြည်သားတွေ တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် ဆန္ဒပြခဲ့ကြလို့  ၁၉၉၈ ခုနှစ်မှာ အာဏာရှင် တစ်ပါတီလုံး အာဏာရှင်အစိုးရတစ်ရပ်လုံး
နှုတ်ထွက်ခဲ့ရ ပြုတ်ကျခဲ့ရတာကို သမိုင်းသင်ခန်းစာ ယူရမယ်။
အာဏာရှင်ကြီး နေ၀င်း သေဆုံးသွားချိန်မှာ တိုင်းသူပြည်သားတွေမပြောနဲ့  မိသားစုတစ်စုလုံးတောင်
မဟုတ်ဘဲ တိုးတိုးတိတ်တိတ်လေး အသုဘချခံခဲ့ရတာကို သမိုင်းသင်ခန်းစာ ယူရမယ်။
အာဏာရှင်ကြီး နေ၀င်းရဲ့  သားသမီးသားမက်တွေရော
မြေးတွေပါ ဖမ်းဆီးချူပ်နှောင်ခံခဲ့ရတာကို သမိုင်းသင်ခန်းစာ ယူရမယ်။
အာဏာရှင်ကြီးသန်းရွှေက ရှေ့ က အာဏာရှင်ကြီးနေ၀င်းရဲ့  နေ၀င်းမီးငြိမ်းချိန် အလောင်းမလှ ဘ၀ချုပ်ငြိမ်းမှု
မှေးမှိန်ခဲ့တာလိုမျိုး အဖြစ်မခံဖို့  ပြင်ဆင်တာတွေကို သမိုင်းသင်ခန်းစာ ယူရမယ်။
အာဏာရှင်ကြီး သန်းရွှေက ရှေ့ က အာဏာရှင်ကြီး
စောမောင်ကို ပညာသားပါပါနဲ့  ဖယ်ရှားပစ်ခဲ့တာကို သမိုင်းသင်ခန်းစာ ယူရမယ်။
အာဏာရှင်ကြီး သန်းရွှေက ရာထူးအာဏာက ဆင်းသက်ပေးတဲ့အချိန်မှာ ကျွန်ရင်း ကျွန်ယုံတော်တွေကို
သူ့ နေရာနဲ့ သူထောင့်စေ့အောင် နေရာပေး စီစဉ်ဆောင်ရွက်ပေးခဲ့တာတွေကို သမိုင်းသင်ခန်းစာ
ယူရမယ်။
အာဏာရှင်ကြီး သန်းရွှေက တိုင်းရင်းသားအင်အားစုတွေကြားထဲ ခွဲခြားစည်းရုံး သွေးခွဲဆက်ဆံတဲ့နည်းတွေကို
သုံးရုံမက လူမျိုး ဘာသာ အဖွဲ့ အစည်းအသီးသီး တစ်ဦးချင်းစီကြားထဲ တစ်ဖွဲ့ စည်းစီကြားထဲ
မွေနှောက်ဖျက်ဆီးပစ်ခဲ့တာကို သမိုင်းသင်ခန်းစာ ယူရမယ်။
ဒီလို ဒီလို အတိတ်က သင်ခန်းစာတွေကို ယူပြီး အာဏာရှင်ကြီး နေ၀င်း စောမောင် သန်းရွှေတို
့ရဲ့  ကောင်းကွက်တွေ အားနည်းချက်တွေကို သုံးသပ်လေ့လာပြီး ငါတို့ တစ်တွေလက်ထက်မှာ ပညာသားပါပါ
ပျော့ပျော့ပြောင်းပြောင်း တင်းတင်းမာမာနည်းတွေနဲ့  ပိုမိုစောင်းထက်စွာ လုပ်ဆောင်သွားကြရမယ်လို
့ ပြောကြားလိုတယ်။
No comments:
Post a Comment