Tuesday, May 14, 2013

မဟာစင်မုန်တိုင်း၏ (၅) ရက်တာ အခြေအနေ။

မဟာစင်မုန်တိုင်း၏ (၅) ရက်တာ အခြေအနေ။

မဟာစင် မုန်တိုင်း၏ အခြေအနေ - မေလ (၁၄) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ ဖြစ်ပါတယ်။


ယနေ့  မှာ မဟာစင်မုန်တိုင်းရဲ့  အင်အားဟာ တစ်နာရီကို မိုင် (၆၀) နှုန်းခန့် သာ ရှိနေပေမယ့်၊ မနက်ဖြန် မေလ (၁၅) ရက်နေ့ မှာ တစ်နာရီကို မိုင် (၇၀) နှုန်းထိ တိုးမြင့်လာလိမ့်မယ်လို့  ခန့် မှန်းထားပြီး၊ မြန်မာပြည်ကုန်းပိုင်းသို့  မရောက်ရှိမီ မေလ (၁၆) ရက်နေ့ မှာတော့ တစ်နာရီကို မိုင် (၈၀) နှုန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။





မြန်မာပြည် ကုန်းပိုင်းကို မေလ (၁၇) ရက်နေ့  ညနေပိုင်းစတင်ဝင်ရောက်မယ့် မဟာစင်မုန်တိုင်းဟာ တစ်နာရီကို အနည်းဆုံး မိုင် (၇၀) နှုန်းနဲ့  တိုက်ခတ်ဝင်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာပြည်ကုန်းပိုင်းကို ၀င်ရောက်ဖြတ်သန်းချိန်မှာ ဆိုင်ကလုန်း (Cyclone) မုန်တိုင်းအဖြစ်ကနေ ဟာရီကိန်း (Hurricane) အဖြစ်သို့  ပြောင်းလဲသွားပြီး လေတိုက်ခတ်မှုနဲ့ အတူ မိုးပြင်းထန်စွာ ရွာသွန်းခြင်းဖြစ်မယ်လို့  မိုးလေ၀သဌာနများမှ တွက်ချက်ထားကြပါတယ်။


မေလ (၁၈) ရက်နေ့ မှာတော့ တစ်ဖြေးဖြေးနဲ့  အရှိန်လျော့ကျပြီး တစ်နာရီကို (၂၅) မိုင်နှုန်းထိ ကျဆင်းသွားပြီး ပြေပျောက်သွားမယ်လို့  ခန့် မှန်းတွက်ချက်ထားကြပါတယ်။

No comments: